အပိုင်း-၂၉🌹 (u/z)

605 31 5
                                    

ချိန်းထားသည့် နေရာသို့ရောက်ရှိလာခဲ့ပြီ။ ထူထပ်နေသည့်တိမ်မဲတို့မှာ မိုးဖွဲများအဖြင့် တဖြည်းဖြည်းပြောင်းလဲစပြုသည်။ သူမကားပေါ်မှဆင်းပြီး ခပ်သုတ်သုတ်သာ လျှောက်သွားသည်။

"ရောက်လာတာမြန်သားပဲ့ "

နောက်ကျောခိုင်းထား သည်ကိုမှ ရောက်နေမှန်းသိသည်ပဲ့။ လက်ကွင်းချကာ ငေးမောနေသည့် သူ့အနားသွားရပ်မိသည်။

"ဒီအထိ ခေါ်တာအရမ်း အရေးကြီးလို့များလား"

"ခလေးစိတ်ဆိုးနေလောက်မှာနော် ။ အင်းပေါ့ စိတ်ဆိုးနေလောက်မှာ"

လားလားမျှမဆိုင်သည့် အဖြေကိုပေးသည်။ ဘာလဲ ဒါသူ့ပုံစံမှမဟုတ်ဘဲလေ။

"Boss.."

"မြစိမ်းခင်ကိုထိတော့ မင်းကိုယ့်ကိုတောင် ပြန်ခံပြောနေလိုက်တာ။ ကိုယ်တွေ့ဖူးတဲ့ ၁၇နှစ်အရွယ် ခလေးမလေးမှ ဟုတ်ရဲ့လားလို့"

"Boss က်မ.."

"ချစ်တယ်မလား ချစ်သွားခဲ့တယ်မလား... ။ ဒါဆိုရင် ကိုယ်ကရော.."

"....."

ပြန်မဖြေတာကြောင့် သူရိန်ထရပ်လိုက်သည်။ ပြီးတော့နန်းရဲ့ လက်မောင်းသားတွေကို ကိုင်ပြီး။ လှုပ်ရမ်းပြီးမေးသည်။

"ဟင်..ခလေး။ ဖြေလေကွာ မင်းကို၃နှစ်လုံးလုံး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးခဲ့တဲ့ ကိုယ်ကျတော့ရောလို့..."

"Boss..."

သူမလက်မောင်းပေါ်က လက်တွေကို အသာခါချလိုက်ပြီး။ သူရိန်အားစူးစိုက်ကြည့်သည် ပြီးတော့ပြောသည်။

"Boss ... ကိုယ့်ရဲ့စိတ်ကိုတောင်။ ကိုယ်သေချာသိရဲ့လား.."

"....."

"ကျမကိုချစ်တယ်လို့ ပြောတယ်နော် ။ အင်း အဲ့ချစ်ခြင်းတရားက ညီမအပေါ်ထားတဲ့ အစ်ကိုတစ်ယောက်ရဲ့။ အချစ်ပဲ့ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ချစ်သူလိုဆိုရင်တော့ ...အဲ့တာလုံးဝ မှားတယ် "

နန်း၏စကားကြောင့် သူမှင်သက်နေမိသည်။ ကိုယ့်စိတ်ကို ကိုယ့်ထက်သူက ပိုသိနေသလား။

"Boss ကျမကိုကြည့်တဲ့အကြည့်က အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ကို ဂရုဏာသက်တဲ့မျက်ဝန်းတွေ။ အဲ့မျက်ဝန်းထဲတွေမှာ ကျမအပေါ်ထားတဲ့ မေတ္တာတွေပါတယ်၊ နွေးထွေးမှုတွေပါတယ်။ ဒါပေမဲ့ အချစ်ရှိလားဆိုတော့ ။ ဟင့်အင်း.. တစ်စက်ကလေးမှကို မရှိဘူးBoss.."

"မာယာ ကျော့ကွင်း" Where stories live. Discover now