အပိုင်း ၁၆ (u/z)🔥

2.3K 92 1
                                    


မြတ်အားစိုက်ကြည့်နေသော ထွေးငယ်ကြောင့်မြတ်တစ်ယောက် ကော်ဖီပင်မြိုမကျတော့ပြီ.. အခုပဲ့ထကိုက်စားတော့မည့်အကြည့်ဖြင့် လာကြည့်နေသည်ကိုး ။

"ငယ်ရယ်..မြတ်ကိုသာ လာသတ်လိုက်ပါတော့လားဟင်"

"သတ်ချင်နေတာကြာပေါ့ သွား..ဓားသွားယူပေး"

"ဟော..အသတ္ခံရမဲ့သူက ဓားတောင်သွားယူ ပေးရအုံးမှာပေါ့လေ ...ငယ်နဲ့တော့ခက်ရဲ့"

"အဲ့လိုခက်အောင်ဘယ်သူလုပ်တာလဲ ဟွန်း"

"ကဲပါ...ပြီးမှသတ်လေကွာ အခုတော့မနက်စာစားနော်"

"မ စား ဘူး"

"ဒါဆိုမြတ်ကိုစားမလား"

"ဟာမမနော် ..ဒေါသထွက်နေတာ"

"ဟုတ်ပါပြီကဲလာပါ.. မြတ်ခွံကြွေးမယ်လေနော် ပြီးရင်အပြင်သွားရအောင်"

ရှေ့ရှိမုန့်ပန်းကန်ထဲရှိ ကိတ်မုန့်တစ်စိတ်အား ယူကာထွေးငယ်ပါးစပ် နားတေ့၍ဆိုလေ၏..

"ပါးစပ်ဟ အ..."

"မစားချင်ဘူး မမရဲ့"

"မရပါဘူးနော်..မြတ်ကြည့်နေတာ ငယ်တစ်လုပ်တောင်မစားဘူးမုန့်ကို"

"မကလဲၾကာ"

"မရဘူး အ"

"ဟွန့်"

အတင်းကြွေးနေသော မြတ်ကြောင့်ထွေးငယ်မှာ စားလိုက်ရသေးသည် မနက်စာကိုမြတ်မသိအောင်အိပ်ခန်းထဲ ကုတင်အောက်မှာဖွက်ထားတဲ့ မုန့်ထုတ်တွေး ေဖောက်စားထားတဲ့ဟာကို အခုတော့ခိုးစားတဲ့ အကြိုးတွေကြောင့် နှစ်ခါပြန်စားရသည်၊ တမင်ချွဲချင်လို့အခုလိုလုပ်တာကို အလိုက်မသိတဲ့ လူယုတ်မကြီးကချော့ရမဲ့အစား မုန့်ပဲ့အတင်းထိုးကြွေးနေတယ်၊ ဟင်း ဝိတ်တွေတော့ တက်ကုန်တော့မှာပဲ့ ...။

~~~~~~~~~~~~~~~~~~~

ခင်အောက်ထပ်ဆို့ဆင်းသွားပြီး မောင်လဲလိုက်ဆင်းကာ ခင်ဆီသို့အသွား လှေကားမှအဆင်း တွင်တွေ့မြင်လိုက်ရသည်ကား အမျိုးသမီးငယ်တစ်ယောက် ခပ်နွမ်းနွမ်းအညိုရောင်မြန်မာဝတ်စုံ လေးအားဝတ်ထားပြီး သနပ်ခါးပါးကွက်ကြားလေးဖြင့် ဆံပင်အားကျစ်ဆံမှီးကျစ်ထားသော မိန်းခလေးတစ်ဦး..ဘေးတွင်လဲအထုတ်ကြီးတစ်ထုတ်ဖြင့် အသက်တော့အတော်ငယ်မည့်ပုံပင်၊

"မာယာ ကျော့ကွင်း" Where stories live. Discover now