ထိုအချိန်မှာပဲ လုဟောင် သူ့အတွေးတွေကို ထပ်ပြောဖို့ ပြင်လိုက်ပြန်သည်။
"တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို တခြားနည်းတွေနဲ့ သတိပေးချင်တယ်ဆို အသိပေးနိုင်ပါတယ်။
ဥပမာ၊ အစားအစာနှင့် ရေပိုသိုလှောင်ထားဖို့ သူတို့ကို သတိပေးတာမျိုးပေါ့ .... ဒီကိစ္စနဲ့ ပတ်သက်ပြီးရှောင်ကျင်း နာမည် ထွက်မလာသရွေ့ ကိုယ့်စိတ်ကူးနဲ့ကိုယ် သင့်တော်တဲ့ အကြောင်း ပြချက်တွေ ဖန်တီးလို့ရပါတယ် "
"မကြာသေးခင်က ကျွန်တော်တို့မိသားစုက နာမည်ကြီး တာအို ဘုန်းတော်ကြီး တစ်ပါးကို ငှားပြီး ကျွန်တော်တို့ မိသားစုအတွက် တွက်ချက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ က ပြောလို့ရနိုင်မယ် ၊ ကျွန်တော်တို့က မကြာခင် ကပ်ဘေးတစ်ခု ဖြစ်လာဖို့ရှိတယ်၊ပိုက်ဆံသုံးပြီး အစားအစာ ဝယ်ယူစုဆောင်းထားဖို့နဲ့ သိုလှောင်ဖို့ လိုအပ်တယ်ဆိုတာရယ် ရှားပါးမှု ဖြစ်လာမယ်ဆိုတာရယ် ကျွန်တော်တို့ ပြောလို့ရနိုင်သေးတယ် ။ ခု ကျွန်တော်ပြောတဲ့ဒီအကြောင်းပြချက်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုထင်ကြလဲ။"
လင်းရှို့ယွမ်က သူ့အတွေးကို စတင်ထုတ်ပြလာခဲ့သည်။
"ဟ ဒီကလေး ဒီလောက်ဉာဏ်ကောင်းတာ ဘာလို့ကျောင်းမတက်ချင် စာမကြိုးစားချင်ရတာလဲ " လင်းချန်က စိတ်လဲတို ရီလဲရီချင်နှင့် မရှုနိုင် မကယ်နိုင် ဖြစ်နေခဲ့သည်။
ဒီကလေးက ဘယ်သူနဲ့တူလဲဆိုတာ သူ တကယ်ကို မသိတော့ဘူး။
ဒါပေမဲ့ လင်းရှို့ယွမ် ပြော ခဲ့ တဲ့ အကြောင်းပြချက်ကို လူ တော်တော်များများ က သင့်တော်ပြီး လူတွေကို ထိတ်လန့်သွားနိုင်တဲ့ထိ ကြမ်းတမ်း တယ် လို့ ယူဆ ခဲ့ ကြသည် ။ ထိုအကြောင်းပြချက်က မည်သူမျှမစစ်ဆေးနိုင်လောက်အောင် အလွန်ထိတ်လန့့်ဖို့ ကောင်းတာကြောင့် သတိပေးဖို့လိုအပ်သူတိုင်း အတွက်ဆိုလျှင် ဤအကြောင်းပြချက်ကို အသုံးပြုရန် အားလုံးကတညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် စုကျင်း နှလုံးသားထဲ ခဲဆွဲထားသလို လေးလံနေသမျ ပြုတ်ကျသွားသလို စိတ်လက်ပေါ့ပါးမှုကို ခံစားလိုက်ရသည်။
သူမ မိသားစုရဲ့ ထောက်ပံ့မှုနဲ့အတူ စုကျင်းဟာ စွမ်းအင်တွေပြည့်လာသည်။ အရင်ဘဝတုန်းကဆိုလျှင် အခက်ခဲ ကြုံရသည့်အချိန်တိုင်း သူမဟာ အမြဲတမ်း တစ်ယောက်တည်းရင်ဆိုင်ရလေ့ရှိသည်။
သူမ တစ်ယောက်ဘာ့ကြောင့် ရှင်သန်နေရတာလဲ ?
သူမ အနေနဲ့ ဘယ်လို အကြောင်းပြချက်နဲ့ ဇွန်ဘီ တွေကို သတ်နေရတာလဲ ဆိုတာ စဉ်းစားမရ ဖြစ်ဖူးသည်။ တစ်ခါတစ်နေ သူမ တစ်ယောက်တည်း ဘဝက ထို အတွေးစိတ်ကူး မျှော်လင့်ချက် မရှိသည့်ဇွန်ဘီတွေ နှင့်ဆင်တူသည် ဟုပင် ခံစားနေရသည်။
ထိုအချိန်မှာ သူမ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရတာမို့ ဒီအခိုက်အတန့်မှာတော့ သူ့ရှေ့မှာရှိသမျှ လူတွေအပြင် သူမကို နွေးထွေးစွာငဲ့ကြည့်ရင်း သူမလက်ကိုကိုင်ထားသည့် ထိုသူကြောင့် သူမ စိတ်က လက်ရှိအချိန်ကို ပြန်ရောက်လာသည်။ခု ချိန်မှာ သူမ တစ်ယောက်တည်းနေရမယ့် စိတ်နဲ့စိုးရိမ်စရာမလိုတော့ပေ သူမ ဆီမှာ သူမ မိသားစုရှိသည်။
ထိုကိစ္စ ဖြေရှင်းပြီးနောက် သူတို့အားလုံးဟာ ပျက်ကပ်ကို အတူတကွ ရင်ဆိုင်ရန် စတင်ပြင်ကြတော့မည် ဖြစ်သည်
အချိန်ကို တစ်ဝက်ခန့် ချွေတာရန်နှင့် ရလာဒ်ကို နှစ်ဆ ထွက်နိုင်ရန် မိသားစုဝင်တိုင်း ကြိုးစားအားထုတ်ဝယ်ယူကြရမည်ဖြစ်သည်။,။
စုကျင်း ရဲ့ အကြံပြုချက်ထဲမှာ အဓိက ကြားရတာက ဈေးဝယ်ခြင်းနဲ့ ပတ်သက်ပါသည်။ အခန်းထဲက အမျိုးသမီးအတော်များများနဲ့ အဘွားလီရှို့ယင်းပင် ဈေးဝယ်ခြင်းနှင့်ပတ်သက်ပြီး စကားစပြောကြသည်။ ဈေးဝယ်ခြင်းဆိုတယ အမျိုးသမီးတွေ အကျွမ်းကျင်ဆုံးသော လုပ်ငန်းဖြစ်သည်။
အမျိုးသားအုပ်စုဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်၊ ခုက လောကကြီးရဲ့ အဆုံးသတ် ကမ္ဘာပျက်ကပ် မဟုတ်ဘူးလား။
ဒီအမျိုးသမီးတွေ ဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားနေကြတာလဲ။
လုဟောင်ကတော့ဒါဟာ ရယ်စရာကောင်းလွန်းတယ်လို့ ထင်ခဲ့သည် ။ ဒီမိသားစုက အကောင်းမြင်ဝါဒရှိကြတာမို့ တကယ့်ကိုရတနာလိုတန်ဖိုးရှိသည့် မိသားစုဖြစ်သည်။ သူသည် အားလုံးကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် မိသားစုအတွက် ဆွေးနွေးရန် အဘိုး ၊ ဖေဖေစု နှင့် ဦးလေး၂ယောက်ဘက်ကိုလှည့်လိုက်သည်။ သူတို့အနေနှင့် ထောက်ပံ့ပစ္စည်းများအပြင် လူတိုင်း၏ခုခံ ကာကွယ်နိုင်စွမ်းရည်ကို မည်သို့တိုးတက်စေရမည်၊ ကျန်သည့်ရက်ပေါင်း ၂၀ အတွင်းမည်သို့လေ့ကျင့်ရမည် ၊ ကိုယ်ခံအားတိုးမြှင့်ရန် ပိုမိုပြီးလေ့ကျင့်ခန်းလုပ်ရန် အတွက်ပါဆွေးနွေးခဲ့ကြသည်။ ဒါမှမဟုတ်ရင် ဇွန်ဘီတွေ ရောက်လာတဲ့အချိန် သယ်မရ ရိုက်မရနှင့်ဆိုရင် အတော်အန္တရာယ်ရှိပါလိမ့်မည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Spiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
