စုကျင်း ၏ မျက်လုံးများ တောက်ပသွားသည်
"ကျွန်မတို့ ကားသွားသိမ်းတဲ့ အချိန်နဲ့ အတူတူပဲလား"
နီးချင်သည် ခေါင်းညိတ်ပြလိုက်သော်လည်း ညဘက်တွင် မည်သူမျှ သတိမထားမိပေမယ့် လင်းထိန်နေသည့် နေ့ခင်းဘက် အချိန်တွင် တော့ သူအောင်မြင်နိုင် ပါ့မလားဆိုတာ အာမမခံနိုင်ပေ။
"ဝှက်လိုက်တာလား။ အဲဒါ ဘာကိုဆိုလိုတာလဲ။"
ဟွမ်ယွင်ရှန်းသည် ရှင်းရှင်းလင်းလင်း နားမလည်လိုက်တာကြောင့် ပြန်မေးလိုက်သည် ။ မမြင်နိုင်အောင် ဝှက်လိုက်တာလား ....!
"မျက်မြင် ဖုံးကွယ်ခြင်းဆိုတာ ချီမန်သွမ့်ကျား ပညာရပ်ရဲ့ မှော်နည်းစနစ် တစ်ခုပဲ ၊ ဖုံးကွယ်ဖို့ ဝှကိထားဖို့အတွက် ဖွဲ့စည်းခြင်းဝင်္ကဘာနည်းလမ်းတစ်ခုကို သုံးလိုက်ရုံပါပဲ "
နီးချင်သည် အကြမ်းဖျင်း ရှင်းပြလိုက်သည်။ နောက်ဆုံးအကြိမ် အသုံးပြုခဲ့တာ စုကျင်းနှင့်အတူ ကားသွားယူချိန်တွင် သုံးခဲ့တာ ဖြစ်သည် ။ ထိုအခ်ျန်တွင်သူသည် ဖုံးကွယ်ခြင်း ဝင်္ကဘာကို အသုံးပြုခဲ့သည်။
"ဆရာသခင် လုပ်နိုင်ပါတယ်။"
လုဟောင်က အားပေးစကားပြောလိုက်သည်
ယခုအချိန်တွင် သူတို့ထံ နီးချင်၏ နည်းလမ်းမှ လွဲ၍
တခြားနည်းလမ်းမရှိ ပေ ။ နောက်ဆုံးနည်းလမ်းကတော့ သူတို့ တိုက်ခိုက်ဖြိုခွင်းသည့်နည်းသာရှိသည် ။ သို့ပေမယ့် တိုက်ခိုက်ချိန်တွင် သူမတို့အုပ်စု၏ လုံခြုံရေးအတွက်တော့ အာမမခံနိုင်ပေ ။
"ဦးလေးနီး ကို ကျွန်မတို့ယုံကြည်ပါတယ် သူတို့ရှာ တွေ့ကြမှာ မဟုတ်ပါဘူး "
စုကျင်းကပါ အားပေးစကားပြောလိုက်သည်။
သူမ အနေနှင့် 100% စိတ်မချနိုင်သော်လည်း ရှင်းသိုက်နင်း၏ စိတ်ဓါတ်နှင့် နီးချင်၏ ချီမန်သွမ့်ကျား ဝင်္ကဘာ ပညာရပ်တို့ကို တွဲလိုက်လျှင် အတော်လေး စိတ်ချ ယုံကြည်နိုင်ပြီဖြစ်သည် ။ ယခုအခြေအနေအတွက် ဤနည်းလမ်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ တတ်နိုင်ရင် သူတို့အနေနှင့် ထိုလူတွေကို တိုက်ရိုက် မတိုက်ချင် ပေ ။ ဆိုရိုးစကားအတိုင်း လူတွေက အရာရှိတွေ နှင့် မတိုက်ခိုက်ကြပါဘူး။ အနာဂတ်တွင် သူမတို့ မြို့တော် S သည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ထိုလူ တွေနှငိ့လည်း ပြန်ဆုံတွေ့ရနိုင်ချေများတာ ကြောင့် ပြေပြေလည်လည်နှင့် ရှောင်တိမ်းသည့် နည်းလမ်းကိုသံုးခြင်းသာ အကောင်းဆုံးအစီအစဉ်ဖြစ်သည်။
ESTÁS LEYENDO
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Espiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
