အခန်း ၄၄ ဆိုင်များဝယ်ယူခြင်း

1.9K 229 3
                                        


စုကျင်းနှင့် လုဟောင် ‌တို့ ပြောင်းရွှေလာပြီးနောက်  သူမအဒေါ်နှင့် ဦးလေးတို့လည်း ပြောင်းရွှေ့လာကြသည်။

လီရှို့ယင်းနှင့် လင်းယွန်‌ကောတို့သည် သူတို့၏ပါးစပ်များမှာ နားတက်ချိတ်မတတ် ပျော်ရွှင် ကြည်နူးနေခဲ့ကြပြီး ၊ တစ်မိသားစုလုံး တစ်စုတစ်စည်းတည်း နေရမည့် ဘဝကို ပျော်ရွှင်နေခဲ့ကြသည်။ အဘိုးကြီး အဘွားကြီး မိသားစုသည် နေ့စဉ် တိတ်တိတ်ဆိတ်စွာ ရှင်သန်နေထိုင်နေခဲ့ကြရာမှ အခုတော့ သိုက်သိုက်ဝန်းဝန်းမို့  ကျေနပ်နေခဲ့ကြသည်။

သက်ကြီးရွယ်အိုနှစ်ဦး၏ ပျော်ရွှင်မှုအပြင် ‌မြောင်ချီချီသည်လည်း အလွန်ပျော်ရွှင် နေခဲ့သည်။ သူမက မိသားစုနဲ့အတူ စုစည်းနေထိုင်ရတာ အရမ်းကြိုက်ပါသည်။ အရင်က သူတို့အားလုံးအဘွားရဲ့အိမ်ကို မကြာခဏလာ‌ ရောက်လည်ပတ်လေ့ရှိပေမဲ့ အခုတော့တော့ ခြားနားနေပါပြီ။ သူတို့ အားလုံးဒီမှာ ညတိုင်းနေနိုင်ပြီး လင်းတျန်းကျန်း နှင့် မြောင်ကျစ်ဟန်တို့နှင့်အတူ  အားလပ်ရက်ရှည်ကြီးကိုရပြီမို့ သူမ စိတ်ကြိုက် စစ်တုရင် ကစားလို့ရတော့မှာပါ
သူတို့မိသားစု ပြောင်းရွှေ့ နေထိုင်ကြတာကို အနီးရှိ လမ်းကြားများမှ အိမ်နီးချင်းများသည် သတိပြုမိခဲ့ကြသော်လည်း လင်းမိသားစုသည် တစ်ဦးနှင့်တစ်ဦး အရမ်း တွယ်တာကြီးပြီး မကြာခဏဆိုသလို မိသားစု စုပေါင်းခရီး‌လဲ ထွက်တတ်တာမို့ အရမ်း ထူးဆန်းမနေခဲ့ကြ‌ေပ ။ သူတို့ မိသားစုက အုပ်စုလိုက်နေရတာကြိုက်ကြတယ် .....

သူ တို့ လည်း ထိုကဲ့သို့ အခြေအနေကို မ နာလိုဖြစ် ကြ သော်လည်း မိသားစု တစ် ခုချင်း စီ ၏နေထိုင်မှု ပုံစံ သည် ကွဲပြား ပြီး မိသားစု တိုင်း သည် လင်း မိသားစုကဲ့သို့ ထပ်တူ နေထိုင်ကြသည် မဟုတ်ပေ ။

ထို့ပြင် လင်းမိသားစုသည် ဘာတွေ ဖြစ်နေကြသလဲဆိုတာ သူတို့ မသိပေ ။ သူတို့သည် ခြံစည်းရိုးကို ထပ်ပိုးလွှာတွေ သုံးကာ အဆင့်မြင့်တင်ထားခဲ့ပြီး ထိပ်ပိုင်းကိုပါ အမြင့် ထပ်မြှင့်ကာ ထူထဲသည်ဘ သံချောင်းများစိုက်၍ အကာကွယ်များ စီမံထားကြသည် ။   ဒီနေ့ခေတ်မှာ ဘယ်သူက အိမ်ကို ဓားပြတိုက်မှာ စိုးရိမ်နေရတာလဲ ....

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora