အခန်း 128 နေရာလွတ်နယ်မြေ၏ ကြီးမားသောစိုက်ခင်း

1.2K 114 3
                                        

 လူတိုင်း ဖရဲသီးစားပြီးကြသောအခါ လင်းယွင်ကောသည် သူတွေးမရဖြစ်နေသည့် ထိုပြသာနာ အကြောင်းကို လူတိုင်းကိုပြောပြခဲ့ပြီး နောက် လီရှို့ယင်းသည်လည်း သူမသည် ယခုကာလအတွင်း အာကာသနယ်မြေစိုက်ခင်းအတွင်း လှည့်ပတ်သွားလာနေခဲ့သော်လည်း ဖရဲသီးကို မတွေ့ခဲ့ရကြောင်း ထပ်၍ပြောလာခဲ့သည်။ ဖရဲရွက်တွေအောက်တွင် ရွက်ပုန်းသီးများဖြစ်နေသောကြောင့် လူတွေ သတိမထားမိတာများလား ......

"မဖြစ်နိုင်ပါဘူး၊ ငါလမ်းလျှောက်ထွက်လိုက်တာနဲ့ အဝေးကြီးကနေ ဖရဲသီးသီး‌ နေတာကို ထင်ထင်ရှားရှားမြင်ရတယ် "

လုကွမ်ဟိုင်းသည် ထိုအချက်ကို ပယ်ချလိုက်သည် ။  ထိုအချိန်တွင် ဖရဲသီးစားရန် ရောက်ဘာသော နီးချင်သည် ရုတ်တရက် လန့်သွားသည် ။ဒါ သူထင်ထားသလို‌ တော့ မဖြစ်နိုင်ဘူးမို့လား ......'!!!
"ဘာဖြစ်နေတာလဲ ဦးလေးနီး"
စုကျင်းသည် ရုတ်တရက် ရပ်တန့်သွားပြီး ငြိမ်ကျသွားသည့် နီးချင်ကို ကြည့်ရင်း မေးလိုက်သည်။ တစ်ခုခု သတိထားမိတာမျိုးဖြစ်နိုင်မလား။
"မြန်မြန်ကြည့်ဖို့ စိုက်ခင်းထဲ ကိုသွားရအောင်!"
နီးချင်သာ် ဖရဲသီးတစ်မြောင်းကို ယူကာ ကိုက်စားရင်စ ပြေးထွက်သွားသည် ။ မိသားစုတစ်ခု လုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဘာဖြစ်နေတာလဲဆိုတာ မသိကြ ပေ။ ထို့ကြောင့် နီးချင်‌ နောက်သို့လိုက်သွားကြသည် ။
။ "အရှင်ဘုရား၊ ဒီဆန်နဲ့ ပြောင်းဖူးက ဘယ်တုန်းကများ ရင့်မှည့်ကုန်တာလဲ "
လီရှို့ယင်းသည် သူမမြင်သောအရာကို မယုံနိုင်လောက်အောင်ပင် ခံစားနေရသည်။ ယနေ့နံနက်တွင် သူမသည် စိုက်ခင်းထဲသို့ တစ်ကြိမ်ရောက်ရှိခဲ့ပြီး ထို အချိန်ကသီးနှံများသည် မရင့်သေးပေ။
"ဒါပဲ လေ...ဟားဟား       ငါထင်တဲ့အတိုင်းပဲ ..."
နီးချင် သည် စိတ်လှုပ်ရှားစွာဖြင့် သူ့တို့ရှေ့တွင် ရပ်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဦးလေး နီး၊ ဘာလို့ ဒီလိုဖြစ်တာလဲ"
စုကျင်းသည်လည်း အရမ်းပျော်သွားပေမယ့် အံ့သြ‌ နေမိတာက ပိုများသည် ။
"ကောင်မလေး၊ ဒါက သားရဲအမြုတေကို အာကာသနယ်က စုပ်ယူလိုက်ခြင်းရဲ့သက်ရောက်မှုပဲ"
ဖရဲသီးကို စား နေကြသည့် အဘိုးလင်း နှင့် လုကွမ်ဟိုင်းတို့သာ် ထိုစကားကို ကြားလိုက်ရပြီး နောက် ထိုအချက်ကို တွေးမိသော်လည်း မဖြစ်နိုင်ဟု ထငိထားခဲ့သည် ။
"သားရဲအမြု‌တေကြောင့် ဒီသီးနှံတွေ ရင့်မှည့်ချိန်က ပိုမြန်လာမှာလား။"
မိသားစုဝင်များသည် အံ့သြစွာ မေးလာသည်။
"ဒီလိုပါပဲ၊ အရင်က အာကာသထဲက ဝိညာဉ်စွမ်းအားက သိပ်ပေါများတာမဟုတ်ဘူး‌ လေ ၊ ဒါပေမယ့် အခု  ငါတို့က ဝိညာဉ်စွမ်းအားတွေ အများကြီးထပ်ဖြည့်ထားတယ်၊ ဒါကြောင့် ဒီသီးနှံတွေက လျင်လျင်မြန်မြန် ကြီးထွားလာတာ"
နီးချင်က ရှင်းပြလိုက်သည်။ ယခင်ထိုနယ်‌မြေရှိ စိတ်ဝိညာဉ် စွမ်းအားနည်းနေချိန်တွင်  သီးနှံများ ကြီးထွားမှု အနည်းငယ် နှေးကွေးသွားခြင်း ဖြစ်နိုင်ပြီး မိသားစုက ၎င်းအချက်ကို သတိမထားမိခြင်း ဖြစ်နိုင်သည်။ စိတ်ဝိညာဉ်စွမ်းအားသည် အာကာသအတွက် အလွန်အရေးကြီးကြောင်း တွေ့ရှိနိုင်ပါသည်။ အနာဂတ်တွင် သူတို့ အနေနှင့် ပို၍ကြိုးစားရလိမ့်မည်ဟု တွေးမိလာကြသည် ။ချောင်းနားတွင်စိုက်ထားသည့် ရင့်ကျက် နေသော ဆန် ၊ ပြောင်း နှင့်  ဟင်းသီးဟင်းရွက် စိုက်ခင်း နှင့် အခြား သီးပင်စားပင်တွေကို လှည့် ကြည့်လိုက်ရုံနှင့် ........
မိသားစုသည် ရုတ်တရက် ဆိုးဆိုးရွားရွား ဖြစ်တော့မည်ကို ခံစားလိုက်ရသည် ။
သူတို့အနားယူရန် နယ်မြေ အတွင်း ဝင်လာခဲ့ကြ‌တာ မဟုတ်ဘူးလား ???
အခုဘာလို့ အလုပ်ပြန်လုပ်ရမှာလဲ!
ဒါတင်မကဘဲ လီရှို့ယင်း၏  မွေးမြူရေး ပိုင်းတွင်
ကြက်ခြံမှာ ခြံတစ်ခုလုံး ကောက်ရိုးများကြားတွင် ကြက်ဥများ နှင့်ပြည့်နေပြီး  အခြား ဝက်၊ နွား၊ သိုး၊ ဘဲ ခြံဘက်တွင်လည်း ဘဲဥတွေ  အများကြီးရှိတာကို တွေ့ရှိခဲ့သည် ။ ယခင်က လင်းယွင်ကောသည် ဘဲခြံနားတွင် ခပ်တိမ်တိမ်ရေကန်တစ်ခုတူးခိုင်းကာ ရေများ ဖြည့်ပြီး ဘဲများ အတွက် ရေကူးကန် တစ်ခု ပြုလုပ်ပေးခဲ့သည် ။ ယခုအချိန်တွင်  မြက်ခင်းစိမ်းများနှင့်ထိုဧရိယာသည် ဘဲဥများနှင်ပြည့်နေကာ ရေကန်ထဲတွင် ဘဲများ လှုပ်ရှားပျော်ရွှင်စွာ  ရေကူး နေကြသည်

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora