ယင်ချန်းထိင်သည် ယနေ့ညတွင် ဒီညစာစားရန် ဆင်းမလာပေ ။ သူသည် မျိုးစေ့ကို ပေါက်အောင် အစွမ်းကုန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ ပေ။ ရှိဂျင်း သည် သူ့ကို ညစာစားဖို့ခေါ် သော်လည်း ဂရုမစိုက်သည့် အတွက် သူ့အတွက် ညစာတစ်ချို့ကို သယ်ပေးရုံမှလွဲ၍ တခြားမလုပ်နိုင်ခဲ့ပေ ။
ယင်ချန်းထိင်သည် နောက်ဆုံးတွင် တစ်ညလုံးမအိပ်မနေကြိုးစားပြီးနောက်ပထမအစေ့ အပင်ပေါက်လာသည်။ သူသည် အဝါရောင်အဖူးသေးသေးလေးကို ကိုင်ကာစုကျင်းထံသို့ စိတ်လှုပ်ရှား ပြေးသွားသော်လည်း သူ အောက်ထပ်သို့ ရောက်သောအခါ စုကျင်းနှငိ့ လုဟောင်တို့အတူထွက်သွားပြီဆိုတာ သိလိုက်ရသည် ။ ထို့ကြောင့် ကျန်နေသေးသောမျိုးစေ့များကို ဆက်လက် စိုက်ပျိုးရန် မွေးမြူရန် အခန်းထဲသို့ ပြန်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ ပေ ။ သူ့အနေနှင့် မျိုးစေ့ ငါးစေ့လုံး အောင်မြင်စွာ အပင် ပေါက်လာမည်ဟု မျှော်လင့်နေမိသည် ။
မိသားစုသည် စုကျင်းနှင့် လုဟောင်၏လုံခြုံရေးအတွက် အမှန်တကယ် စိတ်မပူကြ ပေ။ အဘယ်ကြောင့်ဆိုသော် ဆိုးဝါးပြင်းထန်သောအခြေအနေ ရောက်ခဲ့လျင်ပင် သူတို့နှစ်ဦးသည် အာကာသ နယ်မြေထဲ ဝင်ရောက်ပုန်းအောင်းနေနိုင်သည်။
ထို့ကြောင့် သူတို့သည် ယနေ့ သီးခြားစစ်ဆင်ရေး၏ ပထမဆုံးနေ့ကို စတင်လိုက်ကြသည်- စုကျင်းနှင့် ဘုဟောင် တို့သည် လက်နက်များကို ရှာဖွေရန် ထွက်ခဲ့ကြပြီး ၊ ကျန်သူများသည် ဗီလာဧရိယာအတွင်းရှိ ဇွန်ဘီများကို ဆက်လက်ရှင်းလင်းခဲ့ကြသည်။
တကယ်တော့ နီးချင်သည် ရှေးဟောင်းဈေးမြို့နယ်၏ ပုံစံကို လေ့လာ ကြည့်ချင် သော်လည်း ယနေ့တွင် လုကွမ်ဟိုင်းနှင့် ဇွန်ဘီဘယ်သူက ပိုသတ်နိုင်မလဲဆိုသည့် အလောင်းအစားလုပ်ထားသော ကြောင့် လက်လျှော့လိုက်ရသည် ။
နေ့တိုင်း တစ်ယောက်နှင့် တစ်ယောက် အားနည်းချက်ကို မပြချင်တဲ့ ထိုလူနှစ်ယောက်ကို ကြည့်လိုက်ရင်း ပြောစရာစကားမဲ့နေခဲ့သည် ။ သူတို့၏ ရန်ပွဲသည် တခြားသူတွေအတွက် ရီစရာကောင်းနေသော်လည်း သူ့အတွက် အားကိုးရာမဲ့ ဖြစ်နေသည်။ သူ့အဖေနှင့် ဆရာသခင်သာ် ဘယ်အချိန်က စ ပြိုင်ဆိုင်နေခဲ့ကြသည်ကို သူ သတိမထားမိခဲ့ပေ ။ သူသတိထားမိချိန်တွင် ပြိုင်ပွဲ တွေ စတင်နေခဲ့ကြပြီဖြစ်သည် ။
ESTÁS LEYENDO
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Espiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
