အပိုင်း ၂၄ စုကျင်း၏ကျွမ်းကျင်မှုအသစ်

2.4K 227 4
                                        


လင်းယွင်ကောဟာ  စားသောက်ဆိုင်မှာ စားဖိုမှူးဖြစ်ခဲ့ဖူးသည်။ဒါ့ကြောင့်ပဲ စား သောက် ဆိုင် ငယ် တစ် ခုမှာ ချက်ပြုတ်ဖူးသူ ဖြစ်ပေမယ့် သူချက်တဲ့ ဟင်းလျာ တွေ ဟာ အရသာ အလွန်ရှိသည်။
လီရှို့ယင်းက လူတိုင်းကို သူမ ချက်တဲ့ စွပ်ပြုတ်နဲ့ လွဲသွားရတာ စိတ်မကောင်းဖြစ်မိကြောင်း ပြောလာခဲ့သည် ။
ဟင်းခတ်အမွှေးအကြိုင်‌ တွေနဲ့ သေချာစီစဉ်ပြီး ချက်ပြုတ်ထားသည့် ဟင်းတွေ စားနေကြသော သူတို့အားလုံး  နှစ်စက္ကန့်လောက် ရုတ်တရက်ရပ်လိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည် ၊ စုကျင်း လုဟောင်ပုခုံးပေါ် မျက်နှာ ဝှက်ရင်း အသံတိတ်ရယ်နေမိသည်။
လင်းယွင်ကောသည် ရပ်တန့်သွားသည့် မိသားစုကို ကြည့်ပြီး ပြုံးပြလိုက်ကာ
"ဟင်းသီးဟင်းရွက်စား ........ဟင်းသီးဟင်းရွက်စား အားလုံး များများ စားကြ "
"အဖေ၊ အဖေ ချက်ပြုတ်တဲ့ အစားအစာက မွှေးကြိုင်‌ နေတာပဲတျန်းကျန်းက ဘာလို့ အဖေ့ဆီက ဟင်းချက်ပညာကို အမွေမရခဲ့တာလဲ"
မြောင်ကျစ်ဟန်က ဟင်းသီးဟင်းရွက်တစ်ချို့ကို လင်းတျန်းကျန်း ပန်းကန်ထဲ ထည့်ပေးရင်း မေးမြန်းလိုက်သည် ။ ဒေါသထွက်သွားသည့် လင်းတျန်းကျန်းသည် တူကို လက်ကိုင်နေရာနှင့် ‌မြောင်ကျစ်ဟန် ခေါင်းကိုခေါက်လိုက်သည် ။
" ဒီလောက် စားစရာတွေ အများကြီးရှိနေတာ စားသောက်နေရင်း ပါးစပ်ပိတ်ထားလို့မရဘူးလား "

"အစ်ကို မရီး နဲ့ အားလုံး ကိုတောင်းပန်ပါတယ် ကျွန်တော့် ဆွေမျိုးကြောင့် ခင်ဗျားတို့ စိတ်ရှုပ်မခံကြပါနဲ့ အရင်ကတည်းက သူမကို အဆက်မဖြတ်ခဲ့မိတာကြောင့် နောင်တရတဲ့ စိတ်နဲ့ နားလည်မှုလွဲစေခဲ့တဲ့ သူတိုင်းကိုတောင်းပန်ပါတယ် ကျွန်တော် ဘာမှလဲ ထပ်မပြောချင်တော့ပါဘူး "
စုကျန်းကျီသည် ဝိုင်တစ်ခွက်ကို သောက်ကာ ခွက်ကိုချပြီး တောင်းပန်စကားခပ်တိုးတိုးဆိုလိုက်သည်။
သူ့ညီမကြောင့် သူ၏ သားမက်ကိုလဲ မျက်နှာပျက်စေခဲ့ပြီး သူ့ယောက်မခ မိသားစုတွင်လဲ အရှက်ကွဲစေခဲ့သည်။ သူ့မှာ ပြစရာ မျက်နှာ မရှိသလိုပင် ။

"အဖေ၊ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အနာဂတ်မှာ ဘယ်သူက ဘယ်လိုလဲဆိုတာ သမီးတို့ သိရပါလိမ့်မယ် ၊ကိုယ့်ဘာသာပဲ ဂရုစိုက်ပါ။"
စုကျင်းသည် စုကျန်းကျီကို နှစ်သိမ့်ပေးခဲ့သည်။ ဘယ်လိုပဲ ဖြစ်ပါစေ အဖေ့ညီမဟာ အဖေသူမကို ဆက်ဆံသလို ‌ပြန်မဆက်ဆံသည့်အပြင် သူမဟာ လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ ။
စုကျင်းသည် အရင်တုန်းကမေးမြန်းမှုတစ်ခုတွင် အောင်မြင်နေသူတစ်ဦးပြောခဲ့သည့် စကားကို သတိရမိသွားသည် ။ အောင်မြင်နေသူတစ်ဦးပြောခဲ့သည့် စကားကို သတိရမိသွားသည် ။
မင်းရဲ့ဆွေမျိုးတွေအားလုံး မင်းအပေါ်ကောင်းကောင်းဆက်ဆံကြမှာ မဟုတ်ပါဘူး ၊ တစ်ချို့ဆျွေမျိုးတွေက မင်းကို ဒုက္ခရောက်စေချင်လိမ့်မယ် ၊
သေချာတာကတော့ စုရှောင်မိန်ဟာ ထိုကဲ့သို့သော ဆွေမျိုးဖြစ်သည်။ ဒါ့ကြောင့် သူမကိုစောင့်ကြည့်နေသင့်သည်။ 

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora