ဖေဖေစု မေမေစု နီးချင်နှင့် လုကွမ်ဟိုင်းတို့ အဖွဲ့သည် ဆေးဝါးများရောင်းချသည့်ဆိုင် ၊ စာအုပ်ဆိုင် ၊ ကောက်ပံသီးနှံရောင်းချသည့် ဆိုင်များနှင့် ဓါတ်ဆီဆိုင် အများအပြားကို တွေ့ရှိခဲ့ကြသည်။
အမှန်ဆိုရလျှင် လင်းတျန်းဟွသည် အဝတ်အစားဆိုင်တစ်ဆိုင်ကို ဝယ်ယူရန် စိတ်ကူးယဉ် နေခဲ့သော်လည်း စတိုးဆိုင်ရှိ အဝတ်အစားအားလုံးသည် အတော်လေး ခေတ်မီ နေကြောင်းကိုတွေ့ရှိခဲ့သည်။ လွတ်လပ်ပေါ့ပါးတဲ့ ဒီဇိုင်းတွေ မဟုတ်တာကြောင့် ပြေးလွှားလှုပ်ရှားရချိန်မှာ သင့်တော်ပုံ မရတာကို စဉ်းစားမိတာ ကြောင့် နောင်တရစွာပဲ နှုတ်ဆက်လိုက်ရသည်။
စုကျန်းကျီ ၊ နီးချင်နှင့် လုကွမ်ဟိုင်းတို့ကတော့ စာအုပ်ဆိုင်နားမှာ လှည့်လည်သွားလာခဲ့ကြသည်။ စာအုပ်ဆိုင်ထဲမှာ ဘယ်သူမှ မရှိပေ။ ကောင်တာမှာထိုင် နေသည့် မိန်းကလေးက တစ်ယောက်ယောက် လာနေတာကို တွေ့လိုက်ရတဲ့အခါ မျက်ခွံတွေ မြှင့်တင်လိုက်ပြီး နှုတ်ဆက်စကားပြောဖို့ အရမ်းပျော်သွားခဲ့သည်။
စာအုပ်ဆိုင်သည် ကြီးမားမှုမရှိသော်လည်း နက္ခတ္တဗေဒနှင့် ပထဝီမှစ၍ စိုက်ပျိုးရေး၊ သစ်တောနှင့်တိရစ္ဆာန်မွေးမြူရေးအထိ စာအုပ်များစွာရှိပြီး CD. ခွေတွေထိ အများအပြားရှိသည်။စုကျန်းကျီက ဒီလို CD ခွေတွေက ခေတ်နောက်ကျသွားပြီဖြစ်ပြီး အခုဆို လူတွေက လိုချင်တဲ့ ဖိုင်တွေကို တိုက်ရိုက် ဒေါင်းလော့ခ် ဆွဲယူနေကြပြီဖြစ်ပြီး အခွေတွေကို ဝယ်ကြတော့မည် မဟုတ်ကြောင်း နီးချင်အား ရှင်းပြခဲ့သည်။
"ဒီအဝိုင်းပြားလေးက တီဗွီဇာတ်လမ်းတွဲတွေကို တကယ်ကြည့်နိုင်ပါ့မလား"
နီးချင် သည် အံ့အားသင့် စရာ သတင်း အချက်အလက် အချို့ ကို ကြားလိုက် ရ ပုံ ရ သည် ၊ သူ နားလည်အောင် ဘယ်လို အသေးစိတ် ရှင်းပြရမလဲ မတွေးတတ်တော့ပေ ။
" အဲ့အပြားလေး ကို ထည့် သွင်း ဖို့စက် တစ် ခု လိုအပ် သေးတယ် အဲ့အချိန် ဒါကိုကြည့်နိုင်ဖို့ အဲ့စက် အတွက် လျှပ်စစ်မီးလဲ လိုသေးတယ် ဒါပေမယ့် အဲ့ချိန်ကျရင် ကျွန်တော်တို့ မီး ဘယ်လိုလုပ်ရနိုင်မလဲ "
ESTÁS LEYENDO
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Espiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
