အခန်း 109 လမ်းပျောက်သူတစ်ယောက်၏ယုံကြည်ချက်

1.3K 109 0
                                        

လူတိုင်းလိုလိုသည် တောထဲ စခန်းချတာကြောင့် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်နိုင်ကြဟု ထင်ထားခဲ့သော်လည်း အိပ်မက်ပင် မမက်နိုင်ပဲအိပ်ပျော်သွားမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ  ။

နောက်တစ်နေ့ နံနက်စောစောတွင် စခန်းချရာနေရာ၌ ငှက်သံများနှင့် ပန်းရနံ့များမရှိသလို နူးညံ့နွေးထွေးသော နေရောင်ခြည်လည်း မရှိပေ။  ကောင်းကင်သည် မီးခိုးရောင်ရှိနေဆဲဖြစ်ကာ ထူထပ်သော တိမ်တိုက်များကြားတွင် နေမင်းကြီးကပုန်းနေခဲ့သည်။  သူသည်ကမ္ဘာကြီးကို ပြန်လှည့်မကြည့်ချင်တော့သလိုပင်။

စုကျင်းနှင့် လုဟောင်တို့သည် မနက်စောစောထလာကြသည် ။ မနက်စောစောစီးစီး ရေချိုးပြီးနောက် တစ်အုပ်စုလုံး ရေချိုးနေကြသည့်အချိန်ကို အခွင့်ကောင်းယူကာ နံနက်စာမျိုးစုံကို နေရာလွတ်အတွင်းမှ ထုတ်ယူလိုက်ကြသည်။

နို့အရသာပါသော ပေါင်းခံထားသည့် ပေါက်ဆီမွှေးမွှေးလေးများ ၊ အသားညှပ်ပေါင်မုန့်များ၊ တောက်တောက်ပြောင်ပြောင် ဖြစ်နေသည့် ခရမ်းရောင်ကန်စွန်းဥပြုတ်၊ ကြက်ဥကြော်နှင့် လက်းယွင်ကော သိပ်ပေးထားသည့် အရံဟင်းရွက်ချဉ်များ အစရှိသဖြင့် ပေါ့ပါးပြီး အရသာရှိသည့် အာဟာရ ပြည့်ဝသော အစားအစာများဖြစ်သည်။

"ရှောင်ကျင်း၊ အမေ့အတွက် ပဲပိစပ်မုန့်‌ တွေရှိသေးလား" 
မေမေစုသခင်မကြီးသည် စုကျင်းနားကပ်ကယ ခပ်တိုးတိုးမေးလိုက်သည်
"ရှိ သေးတယ် အမေ"

စကားပြီးသောအခါစုကျင်း သည် အဖိုး၏အိမ်လုပ် ပဲပိစပ်မုန့် နောက်တစ်ပန်းကန်ကို ထုတ်ယူလိုက်သည်။

လင်းတျန်းဟွသည်  ဒီလို မုန့်ကို စားရတာကို ကြိုက်သည် ။  အထဲတွင်ပါသော ပဲယိုကအပြည့်ပါကာ ချို ပေမယ့် အဆီမများ‌ ပေ။ တခြားအစားအစာများဖြစ်သည့် အတွင်းတွင်စေးကပ်ပြီး အရသာရှိသည့်ကောက်ညှင်းအကြွပ်ကြော်မုန့်များ နှင့် အရံ ဟင်းလျာများသည် လိုက်ဖက်နေကာ ပြီးပြည့်စုံသည့် မနက်စာဟု ခံစားရသည်။

ပဲပိစပ်မုန့်တွေ အများကြီးရှိ နေတာကြောင့် လူတိုင်းသည် တစ်လုံးပြီး တစ်လုံးစားရင်း အတွင်းပိုင်းသည် ယခုတိုင်ပူနွေးနေဆဲဖြစ်ကာ အရသာ အရမ်းရှိကြောင်းချီးမွမ်းသည့် စကားများ ဆက်တိုက်‌ အပြောခံနေရသည် ။
မနက်စာစား နေသည့် လူစုသည် တောက်ပသည့် နေရောင်ခြည် မရှိသော်လည်း စားသောက်နေကင်း ကျေနပ်သည့် စိတိနှလုံးနှင့် လူတိုင်း၏ နှလုံးသားများ လုံလောက်သည့်နွေး ထွေးမှုကို ခံစားနေရသည် ။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora