အခြားသူများလည်း သူတို့၏လက်နက်များကိုကိုင်ဆောင်ကာ ကားပေါ်မှ ဆင်းခဲ့ကြသည်။ ကားပေါ်မှာ အကြာကြီးထိုင်ပြီး ညောင်းညာနေပြီဖြစ်တာကြောင့် ကားပေါ်မှ ဆင်းပြီး သူတို့၏ကြွက်သားများနှငိ့ အရိုးများ ညောငိးညာမှုကို ဖြေလျှော့ကြတော့မည် ဖြစိသည် ။
သူတို့သည် ဇွန်ဘီ အကောင်ငါးဆယ်ကျော်ကို အမြန်ဖြေရှင်းနိုင်ခဲ့သည်။ စုကျင်း သည် မြေပြင်ပေါ်ရှိ ဇွန်ဘီများ၏ ဦးခေါင်းများကို တစ်ခုပြီးတစ်ခု ထိုးဖောက် သတ်နိုင်ရန် သူမ၏နွယ်ပင်များကို အသုံးပြုခဲ့သည်။ ထိုအုပ်စုတွင် သာမန် သလင်းကျောက်အမြုတေတစ်ဒါဇင်မျှသာရှိသော်လည်းထိုအရာများသာ် မျှော်လင့်မထားသော အကျိုးအမြတ်တစ်ခုဖြစ်သည်။
"စုကျင်း စုကျင်း အခုငါတို့နေဖို့ အိမ်တစ်အိမ်ကို သွားရွေးရမလား"
လင်းရှို့ယွမ်သည် စိတ်လှုပ်ရှား နေဟန်ဖြင့် မေးလာသည်။
စုကျင်း အပြုံးလေးနှင့် ခေါင်းယမ်းလိုက်မိသည် ။ ဒါကကြုံရာ ကောက် နေတာပဲမဟုတ်ဘူးလား။
"ဘုရားရေ ..... ငါမသေခင် ဒီလို ဗီလာမှာနေနိုင်ခဲ့ သေးတယ်"
ယင်ချန်းထိင် သည် အလယ်ဗဟိုရှိ နဂါးပုံသဏ္ဍာန် ရေပန်း တံခါးကို ကြည့်လိုက်သည်။ ဒီရေပန်းနှင့် နဂါးသည် အမှန် တကယ်ကို အဆင့်အတန်းမြင့် မားဟန်ရှိနေသည် ။
လုဟောင်သည် ရှေ့ကို လှမ်းကြည့်လိုက်ပြီး အနက်ရောင် သံပန်းတံခါးကို တွန်းဖွင့်လိုက်သည် ။ မူလတံခါးသော့သည် အီလက်ထရွန်းနစ်သော့ဖြစ်သောကြောင့် မီးမလာပါက သော့ခတ်ခြင်းလုပ်ဆောင်ချက် ရပ်တန့်သွားမည်ဖြစ်သည် ။
တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ဇွန်ဘီအချို့ ပြေးထွက်လာသည်။ မြောင်ချီချီ၏ ကြိုတင်သတိပေးထားမှုကြောင့် ထိုဇွန်ဘီများ ပြေးမလာနိုင်ခင်တွင် လုဟောင်၏ မီးစွမ်းရည်ဖြင့် မီးရှို့သတ်ပစ်လိုက်သည်။ ကျန်ရှိသည့် ဇွန်ဘီအချို့ကို ယင်ချန်းထိင်နှင့် ရှိဂျင်းတို့သည် သူတိုဘ၏ ဖရဲသီးလှီးဓါးရှည်ဖြင့် အဆုံးသတ်ပေးခဲ့ကြသည် ။
"ခြံထဲဝင်တဲ့ လမ်းက အရမ်းကျယ်တယ် အထဲကို ကားမောင်းဝင်သွားရအောင်"
လုဟောင်သည် သူ့နောက်ကလူတိုင်းကို ပြောလိုက်သည် ။
ESTÁS LEYENDO
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Espiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
