အခန်း ၆၀ ပူးပေါင်းဆောင်ရွက်မှု

1.9K 268 25
                                        

လုဟောင် မျက်မှောင်ကျုံ့လိုက်သည်။ ထိုလူငယ်ဖွင့်လိုက်သည့် တံခါးက စပျစ်နွယ်စင်ထက်တွင် ရှိသော အခန်း၏ တံခါးဖြစ်သည်။ ထိုနေရာအနေအထားရဆိုလျှင် ခြံတစ်ခြံလုံး၏  အခြေအနေကို ကောင်းကောင်းမြင်နိုင်သည် ။သူတို့သုံးယောက် ထို စပျစ်နွယ်ပင် အောက်မှ ဖြတ်ရန် အတော်လေးလမ်းလျှောက် ဝင်ခဲ့ရသေးသည်။ ထိုအချိန်အတွင်းကထိုလူငယ်သည် စပျစ်နွယ်ထက်ရှိ ဇွန်ဘီများကို သတိထားရန် သူတို့ကို သတိမပေးခဲ့ပေ ။

သူသည် တမင်တကာ ပြုလုပ်သည်ဖြစ်စေ ၊မတော်တဆဖြစ်စေ သူတို့သုံးဦးသား ဇွန်ဘီ အားလုံးကို သတ်ပစ်ပြီးသည်အထိ အပေါ်မှ ထွက်ပေါ်လာခဲ့ ခြင်းကြောင့် ထိုသူသည် စိတ်ထားကောင်းသူတစ်ဦး မဟုတ်သည့်အပြင် သေရမှာကို ကြောက်‌ တတ်သူ တစ် ဦး ဖြစ်ကြောင်း သိနိုင်သည် ။

ထို့ကြောင့် လုဟောင်သည် ထိုလူငယ်၏ စကားကို မတုံ့ပြန်ခဲ့ပေ။  လင်းချန် နှင့် လင်းရှိုယွမ်တို့ကလည်း လုဟောင်ကို ကြည့်ပြီး ဘာမှပြန်မ ပြောခဲ့ချေ။ အပေါ်ထပ်မှ အကူအညီ‌ တောင်းရန် အော်ဟစ်ငိုကြွေးသံက ဆူညံနေတုန်းပဲဖြစ်သည် ။ လုဟောင်သည် အခြေအနေကို စစ်ဆေးရန် လင်းချန်တို့ သားအဖနှင့်အတူ လှေကားထက်တက်သွားခဲ့ကြသည်။ကျဉ်းမြောင်းသည့် လှေကားလမ်းတစ်လျှောက်ရှိ ဇွန်ဘီတွေကို အကုန် ခုတ်ဖြတ်ပစ်ခဲ့ကြသည်။ သူတို့သည် ထိုသို့တဖြည်းဖြည်းတိုးတက်လာမည်ဆိုလျှင် အနာဂတ်ကာလတွင်မိသားစု လုံခြုံရေး အတွက် ပိုကြိုးစားရမည်ဖြစ်သည်။ ဆင့်ကဲတိုးတက်လာသည့် ဇွန်ဘီများနှင့် အတူ သူတို့ပါ တိုးတက်ပြီး အစွမ်းထက်လာအောင်လေ့ကျင့် ကြရမည်ဖြစ်သည်

ဒုတိယထပ်တွင်  ဇွန်ဘီနှစ်‌ကောင်သာရှိ‌ နေတာ သူတို့ သတိထားမိလိုက်ကြသည်။ ထို ဇွန်ဘီများသည်  အော်ဟစ်နေသည့် လူငယ်ရှိနေသော အခန်းတံခါးဝနားတွင် စုဝေးနေကြသည်။ သစ်သားတံခါးပေါ်တွင် ကြောက်စရာကောင်းလောက်အောင် ကုတ်ခြစ်ထားသည့် သွေးရာများ ရှိနေခဲ့သည်။

သူတို့ကို မိသားစုက စောင့်နေတာ သတိရသွားတာကြောင့် လုဟောင်သည် ပစ္စတိုကိုဆွဲထုတ်ပြီး ဇွန်ဘီနှစ်ကောင်လုံးကို ဦးတည်ပစ်ခတ်လိုက်သည်။ လုဟောင်၏ ပစ်ချက်သည် တိကျနေခဲ့ပြီး ဇွန်ဘီ ၂ကောင်အတွက် ကျည်ဆံ၂ခုသာ သုံးခဲ့သည်။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora