အခန်း ၉၁ မျိုးဗီဇပြောင်းကြောင်

1.4K 147 0
                                        

"ကိုယ်တစ်ယောက်တည်း လုပ်နိုင်တယ်"
လုဟောင်က ပြန်ဖြေလိုက်သည် ။လုကွမ်ဟိုင်း၏  မီးတောက်လေးတွေက မမြင်ရလောက်အောင်ကို  သေးငယ်လွန်းသည်ဟု ခံစားရတာ ကြောင့်ပင် ။

"ဟေ့‌ရောင် မင်း ဘာကိုဆိုလိုချင်တာလဲ ငါ့သား မင်းအဖေကို နှိမ်တာလား။"
လုကွမ်ဟိုင်းသည် သူ့ကိုယ်သူ လေးစားခံရသည့် အဖေတစ်‌ ယောက်အနေနှင့် စိန်ခေါ်ခံလိုက်ရသည်ည်ဟု ခံစားလိုက်ရသည်ည်။

"မိန်းကလေး၊ အဘိုးကြီးလု အတွက် ရွှမ်ဟောင် ယပ်တောင်ကို ထုတ်ပေးသင့်တယ် ထင်တယ် "
နီးချင်သည် ဘေးနားရပ်နေရင်း  အပြောလိုက်သည် ။
အမှန်ပင် သူမ၏ နေရာလွတ်နယ်မြေအတွင်း သိမ်းဆည်းထားသည့်  လျှို့ဝှက်ဆန်းကြယ်သော မီးယပ်တောင် တစ်လက်ရှိသည် ။ ထိုလျှို့ဝှက်ဆန်းကြယ်သောမီးယပ်တောင်သည် လုဟောင်၏ ဗီဇပြောင်းမီးစွမ်းရည်ကို ဖြစ်စေ ၊ လုကွမ်ဟိုင်း၏ ပုံမှန်သဘာဝလွန် မီးစွမ်းရည်ကို ဖြစ်စေ မီးမှန်သမျ ထိတွေ့လိုက်တိုင်း ၎င်း၏စွမ်းအားကိုပြသနိုင်လိမ့်မည်။

စုကျင်းသည် သူမလက်များကို ကျောပိုးအိတ်ထဲထည့်ကာ လျှို့ဝှက်ဆန်းကြယ်သော မီးယပ်တောင်ကို ထုတ်ယူ၍ လုကွမ်ဟိုင်းအား ပေးလိုက်သည်။

လုကွမ်ဟိုင်းအား ထိုယပ်တောင်အကြောင်းနှင့်ပတ်သက်ပြီး လုဟောင်အား အမည်မသိ ပညာရှင်တစ်‌ယောက်မှ ပေးထားခြင်းဖြစ်သည်ဟု နီးချင် ပြောပြခဲ့ဖူးသည် ။ လုကွမ်ဟိုင်း အနေနှင့် ယခင်ကတည်းက ထိုယပ်တောင်အကြောင်း နီးချင်ဆီမှ ကြားဖူးသော်လည်း  ယခုလို အသုံးပြုခွင့်ရဖို့ မမျှော်လင့်ထား ခဲ့ပေ ။

ထိုယပ်တောင်ကို ရသောအခါ လုဟောင်သည် တိုက်ပွဲအတွင်း ဝင်ရောက်နေခဲ့ပြီး ဖြစ်သည် ။

"မင်းတို့ သုံးယောက် အရင် ထွက်သွားလိုက်တော့!"

လျောင်ယိဖန်းတို့ သုံးယောက်ကို မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်လွှဲနိုင်ရန် နောက်ပြန်ဆုတ်ခိုင်းလိုက်သည် ။  မျိုးဗီဇပြောင်းကြောင် သည် ရှေ့ကို တရှိန်ထိုးခုန်ဆင်းဖို့ရန် ကြိုးစားချင်‌ သော်လည်း သူ့ ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းကို မြင်လိုက်ချိန်တွင် နာကျင်စွာ အော်ဟစ်လိုက်တော့သည်။ သူ့ ခန္ဓာကိုယ်ကို မီးလောင်နေပြီ။  ထိုမီးတောက်သည် အဆိပ်ပါရှိပုံရပြီး နာကျင်လွန်းတာကြောင့် ပြင်းထန်စွာ အော်ဟစ်နေခဲ့သည်။သူသည်  မီးကို လူးလှိမ့်ကာ ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ သော်လည်း  လုံးဝသက်ရောက်မှုမရှိ ပေ။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora