သစ်သားစွမ်းရည်လေ့ကျင့်ရန် သင်ကြားပေးသော စုကျင်း၏ နည်းလမ်းမှာ အစေ့အနည်းငယ်ထုတ်ပေးကာ အစေ့မှ အမြန်ဆုံးအပင်ပေါက်လာရန် ကြိုးစားဖို့ဖြစ်သည် ။ ထိုနည်းလမ်းဖြင့် သင်ပေးမည်ဟု ယင်ချန်းထိင် မမျှော်လင့်ထားခဲ့ ပေ ။
"ဒါပဲလား ?"
"ပျိုးပင် ပေါက်လာရင် ကျွန်မကိုလာရှာပါ"
စုကျင်း အားပေးဟန်ဖြင့် ပြုံးပြလိုက်သည် သိပ်မကြာခင် အချိန်တိုအတွင်းမှာ ဒီလေ့ကျင့်ခန်းက ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူသိလာလိမ့်မည်။
ယင်ချန်းထိင် ခေါင်းညိတ်ပြလိုက်သည်။ **** သည် အသုံးဝင်သည်ဟု ကြီးကျယ်ခမ်းနားစွာ ပြောသောကြောင့် အမှန်တကယ် ထိုနည်းလမ်းမှာ အသုံးဝင်လိမ့်မည်။ သူသည် မျိုးစေ့တစ်စေ့ကို ထုတ်ပြီး သူ၏လက်ဖဝါးတွင် ထားကာ အားထုတ်ကြိုးစားပြီးနောက် သစ်သားအမျိုးအစားစွမ်းရည်ကို အစေ့များအနှံ့ ပျံ့နှံ့စေမည့် စုကျင်း၏ စွမ်းရည်စုစည်းသည့်နည်းလမ်းကို လိုက်နာခဲ့သည်။ .
2 မိနစ်……
5 မိနစ်……
ဆယ့်ငါးမိနစ်ခန့်ကြာချိန်တွင် အစေ့က အစေ့ပဲရှိသေး သော်လည်း ယင်ချန်းထိင်မှာတော့ ချွေးသီးချွေးပေါက်များ ကျလာပြီဖြစ်သည် ။
ဘာဖြစ်တာလဲ?
အဘယ်ကြောင့်ဆိုသော် အစေ့အပေါ် လုံးဝအကျိုးသက်ရောက်မှုမရှိ ....။
ဒါပေမယ့် အစေ့တွေပေါက်ပြီးမှသာ သူ့ဆီလာရမည်ဟု စုကျင်းမှာထားသည် ။
မဟုတ်ဘူး၊ သူ စိတ်ငြိမ်ငြိမ်လေ့ကျင့်ဖို့ အခန်းထဲပြန်သွားရမည်
ဒါက မျိုးစေ့နည်းနည်း လေးပဲ သူလုပ်နိုင်ပါသည် ။
"အစေ့တွေ ရင့်မှည့်ဖို့ ခက်သလား"
လုဟောင်သည် မျိုးစေ့အနည်းငယ်ကိုင်ဆောင်ထားကာ အရန်အိမ်ထဲသို့ ပြေးဝင် လေ့ကျင့်ရန် အာရုံစိုက်မည်ဟု ပြောနေသော ယင်ချန်းထိင်ကို နားမလည်နိုင်စွာကြည့်ပြီး မေးလိုက်သည်။
"အစပိုင်းမှာ ခက်ခဲလိမ့်မယ်၊ ဒါပေမယ့် ရှင် ခေါ်လာတဲ့ ရှင့်တပည့် တွေကို ယုံကြည်ပေးလိုက်ပါ ၊ ဘာပြဿနာမှမရှိဘူး"
ESTÁS LEYENDO
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Espiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
