အခန်း 132 သလင်းကျောက်အမြုတေ စုပ်ယူကြခြင်း

1K 89 1
                                        

"ဒီကလေး ဘာကျေးဇူးလဲ၊ အိုးထဲမှာ ထပ်ရှိနေတုန်းပဲ၊ ငါ တစ်ယောက်တည်း စားမကုန်နိုင်ပါဘူး ၊ ......."

လီရှို့ယင်း သည် ခေါက်ဆွဲပြုတ် ရေဆူလာရန် စောင့်နေသည်။

"အဘိုး၊ အလုပ်က ပင်ပန်းတယ်လေ ၊  လက်နဲ့ ခေါက်ဆွဲလုပ်ရတာ မပင်ပန်းဘူးလား"

"မပင်ပန်းပါဘူး၊ အခု မင်းအဖွားနဲ့ ငါ့ခန္ဓာကိုယ်က အရင်ကထက် အဆပေါင်းများစွာ ပိုကောင်းလာတယ်"

လင်းယွင်ကော ပြောတာ အမှန်တရားဖြစ်သည် ။ သူသည် နယ်မြေအတွင်းမှ ခန္ဓာကိုယ်အားဖြည့်ဆေး Pei Yuan Dan ကိုစားပြီးကတည်းက လီရှို့ယင်းနှင့်အတူ  မကြာခဏ သက်ပြင်းချမိခဲ့သည်။  ယခု သူ့ခန္ဓာကိုယ်သည် လူငယ်နှင့် လူလတ်ပိုင်းကာလသို့ ပြန် ရောက်သွားပုံရသည်။  ဘယ်လောက်ပဲပင်ပန်းနေပါစေ အမောပန်းတော့ပေ။ အရမ်းပင်ပန်းနေချိန်တွင် ခဏလောက်အနားယူရုံနှင့်ပင် ချက်ချင်းသက်သာသွားသည် ။  ဟိုးအရင် တစ်ချိန် ကမ္ဘာမြေပေါ်မှာ ရှိစဉ် သူတို့နှစ်ယောက်သည် ခပ်ဝေးဝေးကို လမ်းလျှောမိ ရုံနှင့် အသက်ရှုကြပ်ကာ မောပန်းနေခဲ့ကြဖူးသည် ။

"အဘိုးနဲ့ အဘွား တို့ နှစ်ယောက် အဆင်မပြေရင် ချက်ချင်း ပြောရမယ် နော် ၊ အမေနဲ့ သမီးတို့ ကုသပေးနိုင်တယ် ၊ ပြီးတော့ ဒီနေ့ သမီးတို့ ဆရာဝန် တစိယောက်ကို ကယ်ခဲ့သေးတယ်"

အဘိုးနှင့် အဖွားသည် ချက်ခြင်းစိတ်ဝင်စားမှု ရှိလာကာ သူမကို ကြည့် လာကြသည် ။ စုကျင်းသည် ခပ်ပြုံးပြုံးနှင့် တံခါးဘောင်ကို မှီကာ ယနေ့နံနက် ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။

"ဆရာဝန်က တစ်ကိုယ်ရေသန့်ရှင်းမှု စွဲနေသေးလား"

စုကျင်း ပြောတာကို နားထောင်ပြီးနောက် လူကြီးနှစ်ယောက်လည်း အံ့သြသွားကြသည်။  တစ်ချိန်တည်းမှာပင်၊ ဤဆရာဝန်သည် အိမ်တွင် အနီရောင်အ၀တ်မရှိသောကြောင့် ကယ်ဆယ်မခံရသည်ကို ကြားတော့ ရယ်စရာကောင်းသည်ဟု ခံစားမိလာသည် ။ သူ၏ သန့်ရှင်းမှု စွဲလမ်းမှုကြောင့် အိမ်မှာ ငတ်သေလုနီးပါး ဖြစ်သွားတာလား။

ဟာသအဖြစ် ဆက်ဆံခံရသော ယောင်ယိသည် စုကျင်း ချန်ထားခဲ့သော ပြောင်းဖူးရိုးကို ကိုက်ပြီး ရှေ့မလှမ်းမကမ်းရှိ ဗီလာကို လှမ်းကြည့်လိုက်သည်။ ယနေ့ကစ သူ၏မငြိမ်မသက်သော နှလုံးသားသည် ထိုလူစုကို မှီခိုအားထားနေမိပြီဖြစ်သည်။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Where stories live. Discover now