အခန်း ၅၈ ခရစ်စတယ် နျူကလီးယပ်စ် (သို့မဟုတ်) သလင်းကျောက်အမြုတေ

1.9K 221 5
                                        


စုကျန်းကျီသည် ထိပ်မှ အောက်သို့ ခုတ်မိသွားတာကြောင့် ခေါင်းကို မဖြတ်မိသော်လည်း ဇွန်ဘီဦးနှောက်ကိုတော့အောင်မြင် စွာ ဖျက်ဆီးနိုင်ခဲ့သည်။

စုကျင်းသည် ဇွန်ဘီမ၏ ဦးခေါင်းတွင် အဆင်သင့်ပွင့်နေသော ဦးနှောက်များကြားထဲမှ တောက်ပသော သလင်းကျောက် အမြုတေခဲ ကို တွေ့မြင်ခဲ့ပြီး မျက်လုံးများတောက်ပလာကာ ရှေ့သို့တက်ပြီး ဓါးဖြင့် ‌ကလော်ယူလိုက်သည်။

"ဒါက သလင်းကျောက်အမြုတေလား"

နီးချင် စုကျင်း၏ ဓါးထိပ်ဖျား တွင် ရှိနေသော ဦးနှောက် အနှစ်များပေကျံနေသည့် ကျောက်တုံးဖြူကို ကြည့်ကာ မေးလိုက်သည်။

ဒါကြီးကို သူစိတ်ဝင်စားပေမယ့် လက်နဲ့တော့ မကိုင်ချင်ပါ !!!!

" လင်းရှိုယွမ် ဒါက်ို ယူသွားပြီးဆေးကြောလိုက် "

စုကျင်းသည် နီးချင်၏ မေးခွန်းကို ခေါင်းငြိမ့်ဖြေပေးပြီး သလင်းကျောက် အမြုတေ ပုံဆောင်ခဲကို လင်းရှို့ယွမ်ထံပစ်ပေးလိုက်သည်။

ဘာမှန်းမသိလိုက်သည့် လင်းရှို့ယွမ်သည် စုကျင်းပစ်ပေးလိုက်သည့် အရာဝတ္ထုလေးကို ကြည့်ပြီး ဖမ်းယူလိုက်သည်။

" စုကျင်း ဘာကြီးလဲ ...အာ စောက်ကျိုးနဲ ရွံစရာကောင်းလိုက်တာ !!?"

အော်ဟစ်ငိုမိတော့မတတ် ရွံရှာသွားသည့် လင်းရှို့ယွမ်တစ်ယောက် ရေကူးကန်ဆီပြေးသွားကာ ရေခပ်ပြီးလောင်းကာ ပေကျံနေ သမျှဆေးကြောလိုက်သည်။

ဆေးကြောနေစဉ် လင်းရှို့ယွမ်သည် သူ၏လက်ထဲရှိ အမြုတေကျောက်တုံးကို စိတ်ဝင်စားနေခဲ့သည်။ စိန်တွေထက်တောက်ပပြီးအရမ်းလှပလွန်းသည်။ ယင်းသည် ပုံမှန်မဟုတ်သောပုံသဏ္ဌာန်ဖြစ်သော်လည်းအမြုတေသည် လုံးဝအဖြူရောင် ကြည်လင်နေပြီး အညစ်ကြေးမရှိစင်ကြယ်သန့်စင်နေသည်။

စုကျင်းသည် လူစုရှိနေသည့်ဆီသို့ လမ်းလျှောက်သွားပြီး လူတိုင်းကို အမြုတေအား ပြသ
စေခဲ့လိုက်သည်။ ဤကဲ့သို့သော ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ဇွန်ဘီ တစ်ကောင်၏ဦးခေါင်းတွင် ဤမျှလှပသော အမြုတေပုံဆောင်ခဲ တစ်ခုရှိနေတာကို ယုံကြည်ရန် ခက်ခဲသည်ဟု လူတိုင်းပြောဆိုခဲ့ကြသည်။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora