အခန်း ၈၆ လုယက်မှု

1.5K 164 6
                                        

တတိယထပ်တွင် ဇွန်ဘီတွေ အများကြီးမရှိတာကြောင့် သူတို့သုံးယောက် ရှင်းလင်းရေးလုပ်ဖို့ အချိန်သိပ်မယူလိုက်ရပေ ။

နေ့စဉ်လိုအပ်သော ပစ္စည်းများဖြစ်သည့် အဝတ်အထည်၊ မျက်နှာသုတ်ပုဝါ၊ အတွင်းခံ၊ ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေးအသုံးအဆောင်ပစ္စည်းများ ၊ အိမ်သာနှင့်ရေချိုးခန်းသုံးပစ္စည်းများဖြင့် ပြည့်နေသည်။ စုကျင်းနှင့်ကောရန်တို့သည် ထိုနေရာတွင် ပစ္စည်းများ လျင်မြန်စွာ စုဆောင်းလိုက်ကြသည်။  သူတို့မစုဆောင်းလျှင်ပင် ထိုကဲ့သို့သော ပစ္စည်းများကို မည်သူမျှသိမ်းဆည်းယူငင်ကြမည် မဟုတ်ပေ ။

ယခုအခါ လျှပ်စစါဓာတ်အားပေးစနစ်မှာ ပျက်စီးသွားသဖြင့် CCTV စောင့်ကြည့်ကင်မရာများကို သတိထားစောင့်ကြည့်ရန် မလိုတော့ပေ ။  ယခုအချိန် သူမတို့သိမ်းဆည်းနေသည်ကို မှတ်တမ်းတင်ထားလျှင်ပင် သဘာဝလွန် အာကာသစွမ်းရည်ပိုင်ရှင်များ ဟုသာ ထင်ကြမည်ဖြစ်သည်။ သူမ၏ သစ်သားစိတ်ဝိညာဉ်နေရာလွတ်နယ်မြေတစ်ခုဆိုတာမည်သူမျှ သံသယရှိမည်မဟုတ်ပေ။လုဟောင်သည်  ရှင်းလင်းရန် ကျန်နေသည့် ဇွန်ဘီများသည် စင်များ၏နောက်ကွယ်မှ ရုတ်တရက် ထွက်ပေါ်လာမည့်ကို   စိုးရိမ်၍ သူမတို့နှစ်ဦးအစား စင်များ၏ နောက်ကွယ်ရှိ မျက်မမြင်နေရာကို အာရုံစိုက်‌ ပေးနေခဲ့သည် ။

ကောရန်သည် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးပစ္စည်းများထားသည့် နေရာသို့ လျှောက်သွားကာ မိခင်နှင့် မွေးကင်းစ ကလေးငယ်များအတွက် နို့မှုန့်အချို့ကို တွေ့လိုက်တာ‌ေကြာင့် ပျော်ရွှင်စွာ ပြုံးကာ အနှီးနှင့် နို့မှုန့်အချို့အပြင် ကလေးအဝတ်အစားများနှင့် တခြား ကလေးအသုံးအဆောင်ပစ္စည်းများကို စတင်စုဆောင်းသိမ်းဆည်း‌ နေခဲ့သည်။

လူပျိုကြီး၏ ထူးဆန်းသော သိမ်းဆည်းနေမှု‌ ကြောင့် စုကျင်းအံ့ဩစွာနှင့် မေးလိုက်သည်
" ရှင်က ဒါတွေ ဘာလုပ်ဖို့ သိမ်းနေတာလဲ "

" ဖန်ဖန် နဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက်
ဟေဟေး ငါ့ညီနဲ့ ခယ်မလေးတို့အတွက်လဲ ပါတာပေါ့ "
ကောရန်သည် သူ့အတွေးကို သူသဘောကျနေခဲ့သည် ။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora