အခန်း ၁၁၃ ပြည်နယ် A၏ နယ်နိမိတ်မျဉ်း

1.4K 114 0
                                        

"မမရှောင်ကျင်း ညီမလေးတို့‌ နောက်ကနေ လိုက်လာတဲ့ လူတချို့ ရှိ‌ နေတယ် ထင်တယ် "
မြောင်ချီချီသည် သစ်သီးပန်းကန်ထဲမှ ပန်းသီးစိတ်တွေကို စားရင်း ခပ်အေးအေး ပြောလိုက်သည်။

အာ ... အဲဒါ တကယ်ဒုက္ခ ....
စုကျင်း  မျက်မှောင်ကြုတ်လိုက်သည်။  ကံကောင်းထောက်မစွာဖြင့် အခု သူမတို့အားလုံးထမင်းစားပြီးပြီဖြစ်သည်။

သူမတို့သုံးစွဲထားသည့် ခေါက်စားပွဲများ ၊ ထိုင်ခုံများနှင့် ခုံတန်းရှည်များကို သူမ၏ အာကာသနေရာလွတ်ထဲသို့ ပစ်ချလိုက်သည် ။ ထို့ကြောင့် မြောင်ချီချီပြောလာသည့် လူတွေ ဘယ်သူမှန်းမသိရသေးခင်မှာပဲ သူမတို့ ကားပေါ်တက်ကာ ထွက်ခွာခဲ့ပြီ ဖြစ်သည် ။

"ဟာ ... ငါအခုမှ ညစာစားပြီးတာ လမ်းလျှောက်ချင်‌ သေးတယ်"
လင်းရှို့ယွမ်သည် ကားပေါ်တက်ရင်း ပြောလိုက်သည် ။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် နေရာလွတ်အာကာသ နယ်မြေအတွင်းဝင်‌ ရောက်ကာ လမ်းလျှောက်မည်ဖြစ်သည် ။
သို့ပေမယ့် ထိုလူစုသည် နောက်မှ မြန်မြန်ဆန်ဆန်ရောက်လာမည်ဟုမမျှော်လင့်ထားခဲ့‌ ပေ ။

ဘတ်စ်ကား၏  ကားရှေ့လေကာမှန်သည် နီညိုရောင်သွေးများဖြင့် ဖုံးလွှမ်းထားသည်။  ဘတ်စ်ကားနံပါတ်မှာ 653 ဖြစ်ပြီး ကာမှန်အထက်တွင် ရေးထိုးထားသည် ။  ဘေးတိုက်လေကာမှန်တွင် ကြောက်စရာကောင်းသော သွေး **** လက်ရာများပင် ရှိ‌ နေခဲ့သည်။  ဘယ်လိုဖြစ်ပြီး မှန်မှာ သွေးလက်ဝါးရာပေနေသလဲဆိုတာ သူတို့ မခန့်မှန်းနိုင်ကြပေ ။
စုကျင်း နှင့် အခြားသူများ သည် သူတို့ကိုဂရုမစိုက်ဘဲ ကားပေါ်တက်ကာ  ရှေ့သို့ မောင်းထွက်သွားခဲ့သည်။

အစပိုင်းတွင် အဆင်ပြေ‌ သော်လည်း နောက်မှ ပါလာသည့် ဘတ်စ်ကားသည် သူမတို့သွားရာသို့ အချို့အကွေ့များမှစ ထပ်ကြပ်မကွာ လိုက်ပါလာသည်ကို သတိထားမိခဲ့ကြသည် ။

"ဒီလူတွေ ငါတို့နောက်ကို လိုက်ချင် နေကြတယ်"
စုကျန်းကျီသည် ကား နောက်ကြည့်မှန်ကို ကြည့်ကာ ပြောလာသည် ။

"ချီချဖိ သူတို့အုပ်စုထဲမှာ လူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ မယကြည့်လို့ရလား။"
လုဟောင်က မေးလိုက်သည်။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Where stories live. Discover now