ကြမ်းပြင်ပေါ်ရှိ ဇွန်ဘီများကိုကြည့်ပြီး လုဟောင်သည် မီးအနည်းငယ်သုံးကာ မီးရှို့ ပြာချလိုက်သည်။
မိသားစုဝင်များသည်လည်း အတန်ငယ်စိတ်ပင်ပန်းသွားကြတာကြောင့် ဧည့်ခန်းထဲ ထိုင်ကာ ခဏလောက်ဖြစ်ဖြစ် အနားယူရန် အိမ်ထဲ ပြန်ဝင်သွားကြသည်။
ထိုအချိန်တွင် လင်းယွင်ကောသည် နေ့လယ်စာ ချက်ပြုတ်ပြီး အဆင်သင့် ဖြစ်နေတာကြောင့် မိသားစုဝင်များလည်း ချက်ချင်းစားသောက်ချင်သွားပြီး တောင်းဆိုကြတာကြောင့် အဘွားလီရှို့ယင်းကပါ စားသောက်ဖို့ပြင်ဆင်ပေးရန် ကူညီလိုက်သည်။
စားသောက်ရတော့မည့် အချိန်မို့ လင်းရှို့ယွမ်သည် ဝမ်းသာအားရ ခုန်ပေါက်ပြီး တံခါးကို သေချာ ပိတ် သော့ခတ်ကာ ၊လိုက်ကာများပါ မကျန် သေချာ ပိတ် တော့သည်။ ထို့နောက် နယ်မြေထဲသို့ ဝင်သွားလိုက်သည်။
သူတို့ လက်များကို သန့်ရှင်းအောင် ဆေးကြောသုတ်သင်ပြီးနောက် စုကျင်းသည် သူမ သိမ်းဆည်းထားသည့် ဆေးစိမ် အရက်ကို ထုတ်ယူကာ မိသားစုဝင်တိုင်းအတွက် တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။ ထို့နောက် ညစာစားပွဲအတွက် ကူညီပြင်ဆင်ပေးရန် မီးဖိုဆောင်ဘက်သို့ ထွက်သွားလိုက်သည်။
လင်းယွင်ကောသည် တစ်ချို့အစားအသောက်များကို အရင်ကတည်းက ပြုလုပ်ထားတာ ဖြစ်သော်လည်း နေရာလွတ်နယ်မြေ၏ လတ်လတ်ဆတ်ဆတ် ထိန်းသိမ်းထားနိုင်သည့် အစွမ်းကြောင့် အစားအသောက်များသည်လတ်လတ်ဆတ်ဆတ်ပူနွေးနေဆဲဖြစ်သည်။ မနက်ပိုင်း တိုက်ပွဲဝင်ထားရတာ ကြောင့် လူတိုင်း ပင်ပန်းဆာလောင်နေခဲ့ပြီး စားသောက်ရတာ အရမ်းအရသာရှိတာကြောင့် တက်ကြွစွာ စားသောက်နေခဲ့ကြသည်။
အထူးသဖြင့် လင်းရှို့ယွမ်သည် မကြာသေးမီက
အချိန်ကတည်းက သူအရမ်းခံတွင်းလိုက်နေသည်ဟု ခံစားနေရသည်။ အရင်ကဆို ထမင်း နှစ်ပန်းကန်ပဲ စားလေ့ရှိပေမယ့် ခုဆို ထမင်း ငါးပန်းကန် ခြောက်ပန်းကန်လောက်ကတော့အသာလေးစားနိုင်နေသည်။
"ရှို့ယွမ်၊ ဖြည်းဖြည်းစား၊ အရမ်းမြန်မြန် မစားနဲ့အစာမခြေနိုင်ပဲ နေလိမ့်မယ် "
"အဘွား ဒီနေ့ ကျွန်တော် လေ့ကျင့်ခန်းအများကြီး လုပ်ခဲ့တာ ....ပြောရရင် ဒီနေ့ ရှောင်မိသားစုအိမ်က အရမ်းကြောက်စရာကောင်းတယ်လို့ ထင်တယ် "
YOU ARE READING
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Spiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
