အခန်း ၇၁ ရွှေရောင်အဆင့်မြင့်သားရဲ အမြုတေ

1.8K 201 1
                                        

စုကျင်း ပြောလိုက်သည့် စကား‌ ငး ကြောင့် လုဟောင်နောက်တွင် ရှိသော ယင်ချန်းထိင်နှင့် ရှိဂျင်းတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တုန်လှုပ်‌ ချောက်ချားသွားခဲ့သည် ။

ကပ္ပတိန်၏ ဇနီးလေးက  ဘယ်လိုတောင် တောင်းဆိုခဲ့တာလဲ ....?

ရွှေ‌ ရောင်အကွက်နှင့်မြွေထံမှ သားရဲအမြုတေကို သူမ လိုချင်တာတဲ့လား !!!!

သားရဲအမြုတေဆိုတာ ဘာမှန်း‌  သေချာ မသိကြ သော်လည်း သူတို့နားလည်လိုက်တာကတော့ ထိုရွှေရောင်အကွက်နှင့်မြွေကို သတ်ခိုင်းတာ‌ေတာ့ နားလည်ကြသည်။

ကပ္ပတိန်လု သည် တွန့်ဆုတ်မှုမရှိဘဲ

" ကောင်းပြီ ....."

ဟု ပြောလာသည် ။

အာ .....ဪ ~~~~

ထိုမြင်ကွင်းက ကောင်းကင်မှာရှိသည့်ကြယ်တွေကို လိုချင်တယ်ဟု ဆိုလျှင်‌ပင် ကိုယ်ရ‌အောင်ဆွတ်ခူးပေးပါ့မည်ဟု ပြောမည့် ပုံစံမျိုးဖြစ်နေသည်။ရုတ်တရက် သူတို့နှစ်ဦး  ခွေးစာကို အားရပါးရ  ကျွေးမွေးခံနေရသည်ဟု ခံစားမိသွားသည်။

သူ့ နောက် ရှိ အဖွဲ့ဝင်နှစ်ယောက်၏စိတ်ထဲတွင်  ဘယ်လို တွေးနေခဲ့သည်ဆိုတာ လုဟောင် မသိခဲ့ပေ ။ သူက သူတို့ကို အခန်းတွင်းပြန်ဝင်ခိုင်းလိုက်ပြီး‌ေနာက်  အချိန်အတော်ကြာသည်အထိ အပြင်ထွက်မလာပဲ တံခါးကို သေချာပိတ်ဆို့ထားရန် အမိန့်ပေးလိုက်သည် ။     အဘယ်ကြောင့်ဆိုသော် ယခု အထပ်ရှိ အခန်းတွင် ချောင်းကြည့်နိုင်သော မှန်ထူများနှင့် ကာရံထားသောကြောင့် ဖြစ်သည် ။
ကျဉ်းမြောင်းသည့်စင်္ကြန်လမ်းကြား‌လေးတွင် စုကျင်းနှင့် လုဟောင်တို့သည် ရွှေရောင်မြွေဆီသို့ လျှောက်သွားလိုက်သည် ။ ထိုအခိုက်တန့်တွင် မြွေသည်မိန်းကလေးအား တစ်ကိုယ်လုံးမြိုချလိုက်ပြီး ဖြစ်နေသည် ။

ထို့ကြောင့် မြွေ၏ဦးခေါင်းအထက်ပိုင်းသည် ဖုထစ်နေကာ မြိုချထားသည့် လူပုံစံသည်အိတ်ကြီးတစ်အိတ်ကဲ့သို့ မြင်နေရသည်။ အစာ မချေရသေးသည့် မိန်းကလေးတစ်‌ ယောက်၏ အလောင်းဖြစ်သည်။

လုဟောင်သည် လမ်းလျှောက် နေရင်း သူ၏သဘာဝလွန်မီးကို လက်ထဲတွင် စုစည်းလိုက်ကာ ရွှေမြွေဆီ ပစ်လွှတ်လိုက်သည်။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora