မြောင်ကျစ်ဟန်သည် ကားပေါ်မှ ဆင်းကာ ရှင်းသိုက်နင်ရှေ့တွင်ရပ်တန့်ပြီး မိတ်ဆက်ရင်း စီးကရက် ၂ဘူးကို ထုတ်ယူကာ ရှင်းသိုက်နင်းလက်ထဲထည့်၍ လက်ဆောင်ပေးလိုက်သည်။
စီးကရက်ဘူးများကို မြင်ချိန်တွင် ရှင်းသိုက်နင်း၏ မျက်လုံးများ တောက်ပလာကြသည်။
သူ မကြာသေးမီက မည်မျှစိတ်ဖိစီးသည်ကို ဘုရားသခင်သာ သိတော်မူသည်။ သူ အတွက် အရေးအကြီးဆုံး ဒီပစ္စည်းက အရမ်းကို ပြတ်လတ်နေခဲ့သည်။ မီးကျွမ်းပြီးသား စီးကရက်လိပ်တစ်ဝက်ကို သူ့အင်္ကျီအိတ်ကပ်ထဲတွင် ရက်ပေါင်းများစွာ ထည့်သိမ်းထားခဲ့ရသည်။ စီးကရက်ကို စွဲလန်းနေသူ တစ်ယောက်အနေနှင့် တမ်းတလာချိန်တွင် ထုတ်ယူကာ အနံ့ခံဖို့သာ လုပ်နိုင်ခဲ့သည်။
"အာ ဒါကအရမ်းရှက်ဖို့ကောင်းတာပဲ ငါ မင်းတို့ကို မြင်မြင်ချင်းတုန်းက ကယ်ဆယ်ပေးရမယ့် အသက်ရှင်ကျန်ရစ်သူ အုပ်စုလို့ ထင်ခဲ့မိတာ ....., ငါ......."
ရှင်းသိုက်နင်သည် ထိုစီးကရက် ၂ဘူးသည် တန်ဖိုးကြီးလွန်းသည်ဟု ခံစားနေရသည် ။
"ဆရာသမားရေ ဒီကားတွေထဲက လူအားလုံးက ကျွန်တော်တို့ မိသားစုဝင်တွေကြီးပဲ ၊ သူတို့အကိုက်ခံရမှာကိုလဲ ဘယ်သူမှ မဖြစ်စေချင်ဘူးလေ ၊ ဒါ့ကြောင့်ပဲ ဘယ်သူမှ မထားခဲ့ပဲ အကုန် ခေါ်လာခဲ့တာ .."
မြောင်ကျစ်ဟန်သည် သင့်တင့်လျှောက်ပတ်စွာပြောရင်း သူ့ရှေ့ကလူနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားလိုက်သည်။
"အဲ့တာကောင်းပါတယ်၊ ပြီးတော့ကျေးဇူးတင်ပါတယ်။ ဒီပစ္စည်းက မကြာသေးခင်က ကျွန်တော့်ဆီမှာ ပစ္စည်းပြတ်သွားတာ၊ ပြီးတော့ အဲ့တာကရှာဖွေရတာလည်း အရမ်းခက်တယ်။
စကားမစပ်၊ မင်းတို့ ငါတို့ရဲ့ယာယီစခန်းကို ဝင်ရောက်ခိုလှုံ ချင်တယ်ဆို ဝင်လာလို့ရပါတယ် ၊ ဘာပဲပြောပြော ဒီမှာက တခြားနေရာတွေတွေထက် ပိုလုံခြုံလိမ့်မယ်"
ရှင်းသိုက်နင် သည် ယခုလို ရက်ရောသည့် အသက်ရှင်ကျန်ရစ်သူကို ပထမဆုံးအကြိမ် ကြုံဖူးတာ ဖြစ်သည်။
"ဒီမှာ မလုံခြုံတော့ဘူး"
လုဟောင်နှင့် စုကျင်းတို့သည်လည်း ကားပေါ်မှ ဆင်းလာချိန်တွင် ကြားလိုက်ရသည့် ရဲအရာရှိ၏စကားကို ချက်ချင်း ပယ်ချလိုက်သည်။
ESTÁS LEYENDO
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Espiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
