အခန်း ၁၀၄ တိုက်ပွဲ၏ဆုံးသတ်အခြေအနေ

1.1K 124 0
                                        

လုဟောင် သည် ဗီဇပြောင်း မီးစွမ်းရည်ရှိသည့် ဇွန်ဘီများနှင့် တိုက်ခိုက်နေခဲ့သည် ။

ဤမီးစွမ်းရည်အမျိုးအစားဇွန်ဘီသည် ကောရန်ကို သွားကယ်စဥ် သူတို့ ကြုံတွေ့ခဲ့ရသည့် မီးစွမ်းအင် ဖုတ်ကောင်ထက် တိုက်ခိုက်ရပို၍ ခက်ခဲကာစွမ်းရာ် အကုန်ထုတ်သုံးကာ တိုက်ခိုက်နေရသည် ။ အားကစားရုံရှိ  သစ်သားလှေကားထစ်များစွာကို မီးရှို့ထားတာကြောင့် မီး‌ ရောင်များ ရောင်များလင်းထိန်နေခဲ့သည် ။လုဟောင်သည် သူ၏ မီးစွမ်းရည်ကို ထုတ် သုံးချိန်တွင် ပတ်ဝန်းကျင်ရှိ အခြားလူများကို မတော်တဆ ထိခိုက်ဒဏ်ရာ မရစေရန် မီးစွမ်းအင်ပိုင်ရှင်ဇွန်ဘီ အပေါ်သာ တိုက်ရိုက် ထုတ်လွှတ် တိုက်ခိုက်နေခဲ့သည်

လုဟောင်၏ မီးလုံးသည် နံရံပေါ်ရှိ ခေါင်းဆောင် မီးဇွန်ဘီကို တိုက်ရိုက်ထိမှန်သွားစေခဲ့ကာ နံရံပေါ်တွင် အပေါက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။

သူ့ပြိုင်ဘက်သည်  အစွမ်းထက်လွန်း‌ သောကြောင့် ထို ဇွန်ဘီသည် ပစ်မှတ်‌ပြာင်းကာ တခြားသာမန်လူများကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ပြောင်းသွားသည် ။

"ယောက်ဖ ငါ မင်းကို ကူညီမယ်!"

လင်းရှို့ယွမ် သည် မီးစွမ်းရည် ဇွန်ဘီ၏ခြေ‌ ထောက်များကို အေးခဲစေရန် ရေခဲအမျိုးအစားစွမ်းရည်ကိုအသုံးပြုကာ ချုပ်နှောင်ထားပေးလိုက်သည် ။ ထို့ကြောင့် လုဟောင် သည် အဆင့်မြင့် မီးဇွန်ဘီ၏ ဦး ခေါင်းဆီသို့  စွမ်းအားပြည့်ပါဝင်‌ သော မီးလံုးတစ်ခု ဖန်တီးကာ ပစ်ခတ်ကာ သတ်ဖြတ်ခွင့် ရရှိသွားခဲ့သည် ။

"Roar~"

လုဟောင်၏ မီးလုံးသည် ပြင်းထန်စွာ လောင်ကျွမ်းသွားစေခဲ့ပြီးနောက်  အဆင့်မြင့် မျိုးဗီဇပြောင်း မီးစွမ်းရည် အမျိုးအစား ဖုတ်ကောင်သည် ဟိန်းဟောက်သံနှင့်အတူ မြေပေါ်သို့ လဲကျသွားသည်။ထို့နောက်   လုဟောင်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တောက်လောင်နေသည့်သူ၏မီး စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး ဇွန်ဘီ၏ ဦးခေါင်းအတွင်းရှိ  မီး‌ တောက်ပုံသဏ္ဍာန်ရှိသည့် သလင်း ကျောက် အမြုတေ ကို တွေ့လိုက်ရသည် ။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora