အခန်း 126 အသက်ရှင်ကျန်ရစ်သူ ရှိသေးသည်

1K 92 0
                                        

"လုဟောင်၊ ငါတို့ထဲက လူတစ်ချို့ အရံအိမ်မှာ နေကြပြီး မင်းတို့မိသားစုက အဓိကအိမ်မှာ နေကြမယ်ဆိုရင်ရော ဘယ်လိုထင်သလဲ "

ရှုဝမ်ယိသည် သူ တွေးမိလာသည့်အကြံဥာဏ်ကို ပေးသည်။  မူလကတည်းက သူတို့သည် မိသားစုတစ်ခုဖြစ်တာကြောင့် ခွဲခွာ နေဖို့ မသင့်တော် ပေ။

လျောင်ယိဖန်း ၊ ယင်ချန်းထိင်နှင့် ရှိဂျင်း ၊ကောရန် တို့ကလည်း ထို အချက်ကို သဘောတူခဲ့ကြသည်။

"ဟုတ်"

လုဟောင်သညါ ခေါင်းညိတ်ပြပြီး လက်ခံလိုက်သည် ။ သူ့တွင်လည်း ထိုသို့ ရည်ရွယ်ချက်ရှိသည် ။ နောက်ဆုံးသူတို့၏ အာကာသနယ်  မြေနှငိ့ ပတ်သက်သည့် အရေးကိစ္စတွေကြောင့် ရော သူတို့ကို အသေးစိတ် ဖွင့်မပြောရသေးတာကြောင့် ထိုသို့ ခွဲနေထိုင်ရတာ ပိုအဆင်ပြေလိမ့်မည်။

"ဒါဆို အဆင်ပြေပြီ ငါတို့က ညီအကိုတွေပဲနော် ဘာစားစား ဘာသောက်သောက် အတူတူပဲနော် .... ၊"

ကောရန်၏ ဆိုလိုရင်းမှာတော့ ညစာစားချိန် ခေါ်ဖိုါ မမေ့ပါနဲ့ .....!

"စိတ်မပူပါနဲ့၊  ပင်မအိမ်မှာ အစားအသောက် အပါအဝင် အရာအားလုံး အဓိက နေရာတစ်ခု ဖြစ်နေမှာပါပဲ ..." 

စုကျင်းသည် ပြုံးပြီးပြောလိုက်သည် ။  သူမနေရာလွတ်တွင်  အစားအစာနှင့်ပတ်သက်ပြီး လိုသလောက်ရနိုင်သည် ။ သူတို့ စားသောက်၍ကုန်သွားမည်ကို စိုးရိမ်နေစရာမလိုချေ။

"ကောင်းတယ်!"
ယင်ချန်းထိင်သည် ပျော်ရွှင်သွားခဲ့သည် ။

  နေထိုင်စားသောက်ရန် စေ့စပ်ညှိနှိုင်းပြီးနောက်အလုပ် တာဝန်များ  ခွဲဝေယူကြသည်။  ရေစွမ်းရည်ပိုင်ရှင် ဟွမ်ယွင်ရှန်း နှင့် လင်းတျန်းကျန်းတို့သည်  အဓိကအားဖြင့် သန့်ရှင်းရေးနှင့် သန့်ရှင်းရေး အတွကမ လိုအပ်သည့် ရေအရင်းအမြစ်ကို ကိုင်တွယ် ဖြေရှင်းကြရမည် ဖြစ်သည်။  နောက်တစ်ချက်မှာ အိမ်တိုင်းတွင် ရေသုံးရသည့် နေရာအများကြီးရှိသည်

ပင်မအိမ်တွင် နေထိုင်ရန် ပရိဘောဂများပြည့်စုံသော်လည်း အရန်အိမ်တွင် ကုတင်များနှင့် ဗီရိုများကဲ့သို့ ပရိဘောဂများ မရှိသဖြင့် စုကျင်း သည် ပင်မအိမ်မှ ကုတင်နှင့် ဗီရိုအချို့ကို နယ်မြေအတွင်းထည့်သယ် ဆောင်ပေးပြီး အရန်အိမ်၏ အခန်းတိုင်းတွင် ဖြည့်ထားလိုက်သည်။

ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ် Donde viven las historias. Descúbrelo ahora