အခန်း ၉၂ ခြားနားသော မြန်ဆန်မှု
သူတို့သည် ထိုမျိုးဗီဇပြောင်းကြောင်ကို အနိုင်ယူတိုက်ခိုက်ရန် အချိန်မကြာခဲ့ ပေ ။ ထို့ကြောင့် သူမတို့သည် ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။
ရွာသားများသည် သူတို့ကို နေ့လယ်စာ စားဖို့ စိတ်အားထက်သန်စွာ ဖိတ်ခေါ်ကြသော်လည်း ယခုအချိန်တွင် ရွာသားများ၏စားဝတ်နေရေးမှာ ခက်ခဲလွန်းလွန်းတာကြောင့်မေ့ထားလိုက်သည် ။
ထို မျိုးဗီဇပြောင်းကြောင်၏ အလောင်းကိုစားသောက်၍ ရကြောင်း ရွာသားများကို ပြောပြလိုက်သည် ။ ကြောင်၏ အရေပြားသည် လုဟောင်၏မီး ကြောင့် အဆိပ်ရှိသွားသော်လည်း အတွင်းရှိအသားမှာ စားသုံးနိုင်ဆဲဖြစ်သည်။
မျိုးဗီဇပြောင်းတိရစ္ဆာန်၏အသားသည် အရသာမရှိပဲ မာကြောသော်လည်း စားသောက်နိုင်ဆဲဖြစ်သည် ။
ထိုအခြေအနေတွင် ရွာသူရွာသားများသည် အလွန်ပျော်ရွှင် နေကြသည် ။ အမှန်ဆိုလျှင် ယခုသူတို့သည် ရိက္ခာပြတ်နေပြီဖြစ်ပြီး လက်ရှိစားသောက်ဖို့ရန် နည်းနည်းသာကျန်တော့သည်။
……
ကားထဲတွင် နီးချင်နှင့် လုကွမ်ဟိုင်းတို့သည် နောက်တန်းတွင် စိတ်ပျက်လက်ပျက် ထိုင်နေကြသည်။
လုကွမ်ဟိုင်းi - ငါ အဲ့ယပ်တောင်ကို အရမ်း အရမ်းသဘောကျနေမိပြီ
နီးချင်: မင်းက ယပ်တောင် ချက်ချင်း ဆွဲထုတ် သုံးလိုက်ရတာလဲ ။ ဘာပဲဖြစ်ဖြစ်မင်းအရမ်းလောတာပဲ ငါ့လေစွမ်းအင်သုံးပြီး တိုက်ခိုက်ဖို့လေးတောင် မချန်ထားဘူး ........
သူပြောရင်း စိတ်တိုလာသည် ။ သူလည်း လေစွမ်းရည်ပိုင်ရှင် တစ်ယောက်ဖြစ်သည် မိန်းကလေးက မုတ်ဆိတ်နှင့် ရှုဝမ်ယိကိုတော့ စွမ်းရည်အသုံးပြုပြီး ကြောင်ကြီးနှင့် တိုက်ခိုက်ခွင့်ပေးခဲ့သော်လည်း သူကျ နည်းနည်းလေးတောင် မတို့လိုက်ရပေ ။
သူ စိတ်မချမ်းသာဘူး။ သူလည်း လေစွမ်းအင်ပိုင်ရှင် တစ်ယောက်ပဲဖြစ်သည်။ ကောင်မလေးက သူ့ကို မုတ်ဆိတ်မွေးနဲ့ လိုမျိုး ကြောင်ကြီးနဲ့ ဘာလို့ဆော့ကစားခွင့် မပေးရတာလဲ။
ESTÁS LEYENDO
ကမ္ဘာပျက်ကပ်မှာ ငါ့မိသားစုကို ကယ်တင်မယ်
Espiritualဝတ္ထု အကျဉ်းချုပ် Details Short Title : BMWF Alternate Title : 末世重生之我带全家去打怪 Status : Completed Author : Pray slowly Genre : Action, Romance Tags : Apocalypse, Cultivation, Devoted Love Interests, Doting Love Interests, Doting Parents, Familial Love...
