Episode (2)💥

12.7K 639 18
                                    

"ဖြောင်း! !"

"မင်း မင်း!!ဘာလုပ်တာလဲ မိုက်ရိုင်းလှချည်းလား "

"ဟွန်း!! ဒါအစပဲရှိသေးတယ် ငါ့ကိုကို အနားမှာ ထပ်မြင်ရလို့ကတော့ မင်းကို အသေသတ် ပြစ်မယ် ကြားလား !!"

"နင့်ကို နင့်ကိုရဲတိုင်မယ်.. "

"ရဲမကလို့ မင်းပထွေးပဲ သွားတိုင်တိုင်ကွာ Raim ကစောက်ဂရုစိုက်မယ်ထင်နေလား ဟမ်!! "

ထိုကောင်မလေး ပါးကိုလက်နဲ့ညစ်ကာ Raim ဆောင့်တွန်းပြစ်လိုက်သည်။ ကောင်မလေးခင်မျာ  Raim ရိုက်လိုက်တာကြောင့် နာနေသော ပါးလေးကို ကိုင်ကာ ပြေးထွက်သွားတော့သည်။

"ပြသာနာ ဖြစ်နေပါဦးမယ် Raimရာ မင်းကလဲ အဲ့လောက်ကြီးကြ လွန်ပါတယ်ကွာ.."

"ဘာလဲ မင်းကအဲ့ကောင်မဘက်ကနာလို့လား "

"အဲ့ သဘောတော့မဟုတ်ပေ့မယ့် သူကမိန်းကလေး.."

နေသူငြိမ်းစကားပင်မဆုံးသေး

"မင်းစောက်ပါးစပ်ကို ပိတ်ထားစမ်းပါ နေသူရာ သူဟာသူ မိန်းမပဲ ဖြစ်ဖြစ် ယောကျာ်း ပဲ ဖြစ်ဖြစ် ကိုကို အနားမှာတွေ့လို့ကတော့ အသေသတ်ပြစ်မှာ "

နေသူငြိမ်း လဲမနိုင်ဘူးဆိုသည့်သဘောနဲ့ ကြည့်ကာ ပုခုံးကို တွန့်ပြလိုက်တော့သည်။

သူ မနေ့က ကိုကို ကိုသင်တန်းမှာ သွားချောင်းတုန်း အဲ့ ဟာမက ကိုကို ကိုစကားတွေရိသဲ့သဲ့နဲ့ပြောကာပါးစပ်ကြီး ဖြဲထနေတာမို့​သူမကျေနပ်။  ဒါကြောင့် ဒီနေ့အဲ့ကောင်မလေး သင်တန်းအလာ စောင့်ရင်သူပွဲ ကြမ်းပြစ်လိုက်သည်။

ကိုကို အနားတွင်မည်သူမှ ရှိနေသည်ကိုသူသဘောမကျ ကြိုက်လဲ မကြိုက်။ တွေ့လျှင်လဲ အကုန်သတ်ပြစ်လိုက်ချင်သည်။

သူဆယ်တန်းဖြေပြီးယောင်လည်လည် ဖြစ်နေစဥ်ကိုကိုကကျောင်းပြီးလို့ သင်တန်းတွေတက်နေပြီဖြစ်သည်။ သင်တန်းနားချိန်၌ပင် အန်ကယ်ကြီးရဲ့ Company ကိုပင် ကိုကိုကဝင်ကူနေနိုင်ပြီ။

တစ်နေ့တစ်နေ့ ပိုမိုတည်ကြည် ရင့်ကျက်လာသော ကိုကို ကိုကြည့်ကာသူပို၍ ပိုင်ဆိုင်လိုစိတ်တွေ များပို၍များလာရသည်။

LOVE  IS INTENSIVE(Complete) Where stories live. Discover now