Episode (17)💥

7.5K 348 21
                                    

"ကျွန်တော် ကိုဘယ်ချိန်မှ အသိမှတ်ပြု လက်ခံပေးမှာလဲဟင်....ပီတိလေး"

သူထက် ကိုယ်က အသက်ငါးနှစ်
ခန့်ကြီးပါတယ်ပြောလဲမရ။ ထိုသို့ခေါ်လိုက်ရင် ကိုယ်မှာရှက်လွန်းလို့မျက်နှာက ထားစရာနေရာမရှိတော့။ Raim အရှေ့ဆိုပိုဆိုးပါသည်။

"ကို အခုချိန်မှာ အဲ့လိုအရာတွေကိုအချိန်ပေးဖို့ အားမနေသေးဘူး လေကွာ"

"အသက်ပဲ သုံးဆယ်ပြည့်တော့မယ်လေဗျာ  ခုချိန်ထိ အလုပ်ကိုပဲခေါင်းထဲ ထည့်နေတော့မှာလား ပီတိရာ.."

"ဟောဗျာ..တစ်သက်လုံး ဒီလိုနေလာတာကို ဘယ်လိုလုပ်ရမှာလဲ "

"မသိဘူးဗျာ ကျွန်တော် ပီတိ နဲ့ တွဲချင်တယ် "

"အခုလဲ မင်းခေါ်တိုင်း ငါလိုက် နေတာပဲမဟုတ်ဘူးလားကွ "

"မသိဘူး..မသိဘူး အလုပ်လဲမလုပ်နဲ့တော့ မရဘူးဗျာ ကျွန်တော်ကို အခုပြန်ချစ်တော့ "

နေသူ စူပုတ်ကာသူ့ကို တမင် ဂျစ်တိုက်နေတော့သည်။

"ခက်လိုက်တာ နေသူရာ "

"ကျွတ်!!!..."

ပြောရင်လဲ ကိုယ်တော်ကမကြိုက်၊ ကားသော့ကို ယူကာ ထ ထွက်သွားတော့ သူခင်မျာ ငွေအမြန်ရှင်းကာ ပြေးလိုက်ရတော့သည်။

"ဟာ...ဟိတ် နေဦးလေ.. ဟာဒီကလေး"

အပေါ်အောက် အနက်ရောင်လေးဝတ်ကာ အပေါ်ဝတ် ဂျာကင်အသားရောင်လေးနဲ့ နေသူ ကလူငယ်ဆန်ဆန် တစ်ကယ်သန့်ပါသည်။

ဖြူသောအသားရည်က သူထက်ပင်ပို၍ ဖြူနေသယောင်ယောင်ရှိကာ ကိုယ်နဲ့ယှဥ်လိုက်ရင်သူကတစ်ကယ့် ကလေးလေး။

Raim နဲ့ရွယ်တူလဲဖြစ် မျက်စိရှေ့ကြီးလာသည့်ကလေးမို့ သူမှာရွေးရခက်နေရသည်။ ထိုကလေးကလဲခုချိန်မှထ၍သူကိုချစ်လှ ပါသည် ..ကြိုက်လှပါသည်ဆိုပြီး တစ်ပူပူတစ်ဂျီဂျီနဲ့ ပြောလို့လဲမရ။

ကိုယ်မှာဒီအရွယ်ထိရည်းစားလဲမထားဘူး။ ယောကျ်ားကြိုက်လား၊ မိန်းမကြိုက်လားပင်ကိုယ်မှာ ရေရေရာရာမသိရသေး။ ဒါကို သူကအတင်းကို ဂျီကြနေသည်။

သူသာ Raim အပေါ်တာဝန်တွေ မရှိခဲ့ဘူး ဖေဖေကိုမငဲ့ကွက်ရဘူးဆိုလျှင် ပြန်ကြိုက်လိုက်ဖို့ ဖြစ်နိုင်ပေ့မယ့် အခုတော့ ဘယ်လိုမှ မဖြစ်နိုင်သေးပါ။

LOVE  IS INTENSIVE(Complete) Where stories live. Discover now