Episode (27)💥

7.6K 329 24
                                    


တိတ်ဆိတ်လွန်းတဲ့ ခြံဝန်းကျယ်ကြီးရဲ့ တစ်နေရာတွင် လူတစ်ယောက် အေးစက်သော မျက်နှာထား နဲ့ လေ့ကျင့်ခန်းလုပ်နေသည်။ ခြံကြီးကလဲတိတ်ဆိတ်နေသလို ထိုလူကလဲ အေးစက်တိတ်ဆိတ်စွာ။

ဂုဏ်ခန့်စည် တစ်ယောက်မနက်ခင်းလေ့ကျင့်ခန်းကိုနေစဥ်ပုံမှန်လုပ်ဖြစ်သည်။  လေးဆယ်နား ကပ်တော့မယ့် ဟောကျာ်းတစ်ယောက်အတွက် လှပနုနယ်ဖို့ဆိုတာထက် ကျန်းမာကြံ့ခိုင်ဖို့က ပိုအရေးကြီးသည်။

ဂုဏ် ခုံတန်းလေးတွင် ခဏ အမောဖြေကာ ထိုင်လိုက်သည်။ ပုခုံးပေါ်က ပ၀ါကိုလှမ်းယူကာ မျက်နှာကိုနူးညံ့စွာ ဖိသုတ်လိုက်ပြီး တစ်ဖက်ခြံကို ငေးနေမိသည်။ ဒါဟာ နေ့စဥ်သူ လုပ်နေကြ အလုပ်တစ်ခု ။

အတိတ်တွေကို မေ့ပြောက်ဖို့ကြိုးစားတိုင်း ပိုသတိရတဲ့စိတ်တွေနဲ့ ဒဏ်ရာတွေဟာခုထိလတ်ဆတ်နေဆဲ ။ မေမေက ပေးတဲဒဏ်ရောနှလုံးသားက ခတ်လိုက်အပြစ်ဒဏ်တွေ သူမှာအလူးလဲ ခံစားလိုက်ရသည်။

မေမေဟာ နောက်ဆုံးချိန်ထိသူ့ကိုစ​ကားကောင်းကောင်း မပြောသွားခဲ့ဘူး။ ဖေဖေကလဲ လုပ်ငန်းတွေအကုန် သူနဲ့လွှဲပြောင်းကာ သာသနာ့ဘောင်ကိုအပြီးပိုင်ဝင်သွားခဲ့သည်။ နောက်ဆုံးတော့ လောကကြီးထဲမှာ အခုသူတစ်ယောက်ထဲ အထီးကျန်စွာကျန်ရစ်ခဲ့ရသည်။

သူ့လုပ်ငန်းတွေအရင်ကထက် အဆပေါင်းများစွာအောင်မြင်နေသော်လဲ ဂုဏ်ယူအားပေးမယ့်သူတစ်ယောက်မှမရှိခဲ့။

အရင်ကလို အလုပ်လုပ်စရာမလိုဘူး အိမ်မှာပဲနေပါ လို့ပြောတတ်သူကလဲသူ့အနားမှာမှာမရှိတော့ပါ။ အဝေးကိုငေးရင်း သူသိပ်ကိုလွမ်းဆွတ်သတိရမိပါသည်။

နေ့စဥ် သံပတ်ပေးထားတဲ့လူတစ်ယောက်လို လုပ်ဆောင်နေရတာတွေက ဝတ္တရား တစ်ခုထက်မပိုခဲ့။ အရာအားလုံးကို လွှတ်ချပြစ်ချင်တဲ့စိတ်ကို ကြိုးစားအားတင်းရင် လူတွေအမြင် မာကျောသူအဖြစ်ကြိုးစားရပ်တည်ခဲ့ရသည်။

ရင်ထဲမှာတော့ ပြိုတော့မည်မိုးလို့ ဒဏ်ရာဒဏ်ချက်တွေအပြည့်။ ကိုယ်လုပ်ခဲတဲ့အပြစ်တွေပဲမို့ ဘယ်သူကိုမှလဲအပြစ်မဆိုရက်ပါ။

LOVE  IS INTENSIVE(Complete) Where stories live. Discover now