Episode (14)💥

7.3K 320 16
                                    

"ဂုဏ်ခန့်စည်!! သား မင်းဘာတွေလုပ်နေတာလဲ "

"ဘာလုပ်လို့လဲ ဖေဖေ "

"မင်း !!ဒီမှာကြည့်စမ်း မင်းကိုယ်ဂုဏ်သိက္ခာ ကိုယ်မထောက် ငါပြုစုပျိုးထောင်ခဲ့တဲ့ သားမှဟုတ်ရဲ့
လား "

ဂုဏ် ဖေဖေ ဖုန်းအားယူကြည့်လိုက်စဥ် အရမ်းလန့်သွားမိသည်။

မနေ့ညက သူနဲ့ကိုမြတ် ပုံတွေ Media တွေကြား မြင်မကောင်း။

Raimluwis Group ရဲ့ အမျိုးသားက ဖောက်ပြန်နေသည်လားတဲ့ ။

အမျိုးသားနှစ်ယောက် တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးက မတည်မြဲဘူးလား?

Glory Company က ဒါရိုက်တာက ဖောက်ပြန်နေတာလား?

သို့လော် သို့လော် သတင်းတွေက ပြသာနာ ရှာလေ့ရှိသော သူများအကြောင်း သတင်းလုပ်ကာပြောရမှာ အောင်မြင်သည့်ဟုထင်နေသော Media တွေကြား မြင်မကောင်းအောင် Hot နေတော့သည်။

"တောက်!! စောက်ရေးမပါတာ ကို သတင်းလုပ်ရေးချင်နေတဲ့ဟာ
တွေ "

"သူများကို အပြစ်မပြောခင် ကိုယ်ကိုအရင်ပြင်သင့်တယ် ဒါမျိုးတွေ အစထဲက မလုပ်သင့်တာကို မင်းနားမလည်တာလား သား"

"မဟုတ်ဘူး ဖေဖေ မဟုတ်ဘူး သားတို့ ရိုးရိုးသားသား Company ညစာ သွားစားရုံပဲ "

"နှစ်ယောက်ထဲက ဘာသဘောလဲ ဂုဏ်ခန့်စည်!"

"ဖေဖေ သား.. "

"ဘာမှ ဆက်မပြောနဲ့ ဖြေရှင်းဖို့လုပ် Raim နဲ့သွားငြိရင် ပြသာနာတတ်သွားနိုင်တာ မင်းသိတယ်နော် သား .."

"သားက သူကိုဂရုစိုက်နေရမှာလား ဖေဖေ"

"အေး... မင်းသူကို ဂရုမစိုက်ရင်တောင် ငါကြိုးစားတည်ဆောက်ခဲ့တဲ့ ငါCompany ကရှယ်ယာရှင်တွေကို ဂရုစိုက်ရ
လိမ့်မယ်"

"ကျွတ်! !ကွာ "

ညထဲက ဟိုကောင် ပိတ်ကာထည့်သွားသောအခန်းထဲ အိပ်မပျော်သည်ကတစ်ကြောင်း၊ ညကအရှိန်ကြောင့် ကိုက်နေသည့်ခေါင်းက အခုမှပို၍ ကိုက်သွားရတော့သည်။

ဂုဏ် မျက်နာကို လက်နဲ့ပွတ်ကာ ဆံပင်တွေကြား ထိုးဖွလိုက်ကာ ကျွတ်သပ်နေမိတော့သည်။ ဟိုကောင်ကိုသာ သတ်ပြစ်လိုက်ချင်သည်။

LOVE  IS INTENSIVE(Complete) Where stories live. Discover now