Episode (12)💥

8.1K 363 33
                                    


မြန်မာပြည် ရဲ့ထိပ်တန်း Hotel တစ်ခုမှာ ပြုလုပ်တဲ့Raimနဲ့ကိုကိုရဲ့  Wedding ဟာ ကြီးကျယ်ခမ်းနား မူ့တွေနဲ့ပြည့်စုံကာ လှပနေတော့သည်။

Dinner မို့ ညအလှနဲ့ ပြင်ဆင်မူ့တို့ပေါင်းကာ ကြက်သီး ထစရာကောင်းအောင် တောက်ပနေတော့သည်။

အရာရာဟာ ပြည်စုံလှပနေ ပေ့မယ့် တစ်နေရာတွင်တော့ ထုံးစံအတိုင်းဂယက်တွေထနေဆဲပါ။

"ဟို... ပွဲချိန်လဲနီးနေပြီ ဝတ်လိုက်ပါနော်၊  အမတို့ကို အခက်တွေ့အောင်မလုပ်ပါနဲ့မောင်လေးရယ်...."

"ဒါပဲ ဝတ်မယ်လို့ ပြောနေတာ ခင်များတို့နားမပါတာလား !"

တမင် သတ်သတ်ကြီးရစ်နေသော ဂုဏ် ကြောင့် Makeup မာမီ များနဲ့ Stylist များ မျက်နာမကောင်း
ကြတော့ပေ။  စိတ်လဲညစ်နေကြရပြီ။ ပွဲချိန်ကလဲ နီးနေပြီမို့ ခြေမကိုင်မိလက်မကိုင်မိ။

"ကိုကို !"

Raim အဆင်သင့်ဖြစ်ပြီမို့ ၀င်အလာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်မှောင်တွေကိုစုကြုံမိသွားသည်။

"ဟင်...အခုထိမပြီးသေးဘူးလား ဘာလုပ်နေကြတာလဲ! !"

"ဟို..ဟို မာမီပဲ ပြောလိုက် "

"အို ရှင်ဟာရှင် ပြောပါလား!!"

"ကဲ ကျုပ်သိပ်စိတ်မရှည်ဘူး ဘာဖြစ်တာလဲပြော!"

"သတိုးသားက Suits မလဲချင်ဘူး ပုဆိုးနဲ့ တိုက်ပုံ ပဲ ဝတ်မယ်တဲ့"

"ဘာ! !"

ဒါကိုကို သူ့အပေါ်သက်သက်ရစ်တာ ။ မနက်က သူအလိုကျ တစ်ခါမှ မဝတ်ခဲ့ဖူးသော ပုဆိုးနဲ့လည်ကတုံးကို ဝတ်ကာဘုန်းကြီးကျောင်းမှာ ဆွပ်းကပ်ခဲ့ပြီပြီ ။ အခုဒါ တမင်ညစ်နေမှန်း Raim သိလိုက်ပြီ ။

"ကျွန်တော် သိပြီ ခင်များတို့ အပြင်ခဏ ထွက်လိုက်"

Makeup ဆရာများနဲ့ Stylist များ အပြင်ထွက်သွားသောအခါ သူမျက်မှောင် ကျုံကာ ထိုင်နေသော ကိုကို အနားကပ်သွားလိုက်ပြီး

"ဒါက ဘယ်လိုဖြစ်ချင်တာလဲ
ဦးဂုဏ်ခန့်စည်"

"မင်း စောက်လုံးလဲ မကန်းသလို မင်းရဲ့နားတွေလဲ ကြားတယ်မလား"

LOVE  IS INTENSIVE(Complete) Where stories live. Discover now