Episode(23)💥

8.3K 374 28
                                    

ဂုဏ် မုန်းကို ပြေးကာထူလိုက်သည်။ ခေါင်းကနေစီးကျနေသည့်သွေးတွေကမရပ် ဆက်တိုက်ဆိုသလိုစီးကျနေသည်။

"မုန်း!!မုန်းခဏလေးပဲ ခဏပဲ ဆေးရုံမှာပဲမို့ ခဏလေးပဲတောင့်ခံထားနော် "

မုန်းက သူလက်ကိုသာတင်းကျပ်စွာစုပ်ကိုင်ထားပြီး ပြုံးပြနေသည်။ သူသနားလွန်းလို့ဘယ်လိုမှမခံစားနိုင်။

"ဟာကွာ ..."

ဆရာဝန်တွေအပြေးလွှားရောက်လာကာ ကယ်ဆယ်ရေးတွေအသည်းသန်လုပ်ကြသည်။ အောက်စီဂျင်ပိုက်တွေနဲ့ မုန်းအသက်ရူပြန်ရလာအောင် လုပ်နေတာတွေကို သူဘယ်လိုမှမကြည့်ရက်။ ဆရာ၀န်များကတစ်ယေူက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး

"မရတော့ဘူးဆရာ "

"လူနာက အသက်မရူတော့ဘူး "

"သေဆုံးချိန် 12:45 ရုပ်အလောင်းကို ရေခဲတိုက်ပို့ဖို့လုပ်ပါ"

ဂုဏ် ပက်လက်လှန်ကာ လက်ထောက်ရက် လှဲကျသွားသည်။

*မဟုတ်ပါဘူး....မဖြစ်နိုင်တာ ခဏလေးကတင်သူနဲ့စကားပြောနေတာကို။ ဟင့်အင့်အဲ့လိုကြီးဖြစ်လိုက်လို့မရပါဘူးမလား *

ရုတ်တရက် ဆန်လွန်းသည်မို့ ဂုဏ်ဘယ်လိုမှလက်မခံနိုင်ဖြစ်နေရသည်။ သူ့မျက်စိ​ရှေ့မှာ ဖြစ်သွားရသည်မို့သွေးပျက်မတတ်တုန်ယင်နေမိသည်။

ဒီကလေးမှာ ဘာအပြစ်ရှိလို့ အဲ့ကားကရက်ရက်စက်စက် တမင်ကြီးဝင်တိုက်သွားရတာလဲ ။ဂုဏ် အကြောင်းရာတစ်ခုလုံးကိုခြုံတွေးကြည့်လိုက်တော့ အဖြေကတစ်ခုထဲ။

"မင်း.... မင်းပဲ "

ဂုဏ် မတ်တပ်ထရပ်ကာ Carparking သို့ပြေးတော့သည်။

"ဟိတ်!!ဟာလူနာရှင် လက်မှတ်ထိုးဖို့လိုသေးတယ် ။ဟာ... ဟိတ်!!!"

ဂုဏ် နောက်ကဘယ်သူအော်အော်မကြားတော့ပါ။ ကားကိုပါကင်မှထုတ်၍ တစ်ရကြမ်းမောင်းကာ သူဦးတည်လိုက်သည်က....

"ဝုန်း!!!"

အစည်းအဝေး ခန်းမတံခါးကို ဂုဏ်ဆောင့်ကန်ပြစ်လိုက်သည်။

"အဲ့လိုလုပ်လို့မရပါဘူးရှင်။ အပြင်ကစောင့်ပေးပါ ။တောင်းပန်ပါတယ် အပြင်ကစောင့်ရအောင်.."

LOVE  IS INTENSIVE(Complete) Where stories live. Discover now