Episode (13)💥

7.7K 365 30
                                    

Raim ကိုကို လက်အားဆွဲကာ ကားပေါ်ကို အတင်းဆွဲတင်ကာခပ်ကြမ်းကြမ်းမောင်းထွက်လာခဲ့သည်။ရှက်စိတ်ကော ဒေါသစိတ်ကောပေါင်းကာ နီရဲနေသောမျက်နှာဖြင့် ကားကိုတရကြမ်း မောင်းနေမိသည်။

ဂုဏ် မသိမသာကြိတ် ပြုံးလိုက်သည်။သူ Raim ကိုမြင်လိုက်၍ တမင်ထိုဆိုင်ကိုမအားတဲ့ကြားက ကျွေးချင်လို့ဆိုပြီး ဝင်လိုက်တာဖြစ်သည်။ ဒီအကောင်အား စိတ်ဒုက္ခပေးရမည်ဆိုလျှင် အလုပ်ပျက်လဲ သူကျေနပ်သည်။

"ကားကိုအခုရပ်စမ်း Raim တံခါးကိုလဲ အခုဖွင့်! "

"ခင်များ ပါးစပ်ကို ပိတ်ပြီး ငြိမ်ငြိမ်ထိုင်လိုက်နော် ကျုပ်ကားပေါ်လဲ ရှောင်မှာ မဟုတ်ဘူး!အကုန်တိုက်သတ်ပြစ်မှာ "

"မင်းဘာလို့ အဲ့လောက်မိုက်ရိုင်းနေမှန်း ငါစဥ်စားလို့ကိုမရဘူး Raim !"

"ခင်များ သိစရာမလို့ဘူး ခင်များသိထားရမှာ နောက်ခါ အဲ့လိုကောင်တွေနဲ့ထပ်မပတ်သတ်ဖို့ပဲ ရှင်းလား!"

"ဟား ငါကဘာလို့မင်းစကားကို ဘာစောက်ကြောင်းနဲ့နားထောင်ရမှာလဲ ပြောစမ်းပါဦး! "

"ခင်များ!  ကျုပ်က ခင်များလင်
၊ ခင်များယောကျ်ားမို့ "

Raim ဒေါသထွက်နေတာမို့ ဂုဏ် စိတ်ထဲ အရမ်းကျေနပ်နေရသည်။

"အခုချက်ချင်း ကားကို ရပ်နော် Raim ငါCompany မှာ အလုပ်တွေရှိသေးတယ် ရပ်!! ငါဆင်းမှာ "

"ခင်များ ယူထားထားတဲ့လင်က စောက်ရမ်းမွဲနေလို့ ခင်များစောက်လုပ်လုပ်နေတာလား ဦးဂုဏ်ခန့်စည်!"

"ငါလိုကောင်က မွဲလို့လမ်းဘေးမှာ လဲသေ သွားရင်တောင်မင်းလုပ်စာမစားဘူး ရှင်းလား! "

ဒီအတိုင်း ဆက်သွားနေရင် ပိုဆိုးဖို့ပဲရှိတော့တာမို့ Raim စိတ်အတတ်နိုင်ဆုံးလျှော့ချလိုက်ကာ

"ကိုကို တော်ပါတော့နော် Raim ကိုလဲသနားပါဦး အခုလိုတွေ ရန်မဖြစ်ချင်ဘူးလေ..ကွာနော် "

"ဒါတွေအကုန် မင်းလုပ်နေတာ Raim "

"ကိုကို ကျွန်တော် ဒေါသကိုသိသားနဲ့ ဘာလို့လာ လာဆွနေတာလဲ "

LOVE  IS INTENSIVE(Complete) Unde poveștirile trăiesc. Descoperă acum