Episode (34)‼️💥

9.6K 384 58
                                    

ဂုဏ် အိပ်ယာမှနိုးနိုးခြင်း မျက်လုံးများဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတာက Luxury မီးဆိုင်းကြီးက မျက်နာကျက်တွင် မီးများလင်းထိန်နေသည်။

တိုင်ကပ်နာရီကြီးအား ကြည့်လိုက် ရှစ်နာရီထိုးဖို့ ငါးမိနှစ်သာလိုတော့သည်။ သူရုတ်တရက် ဝုန်းခနဲထိ ထိုင်ပြစ်လိုက်သည်။

"အာ... ကိုကိုကလဲ အိပ်ယာကထထချင်းအဲ့လို ရုတ်တရက်ထမထိုင်ရဘူး "

"မင်း..မင်းငါကိုဘာလို့မနိုးတာလဲ "

ဘေးတွင် ထိုင်ကာ သူကိုထိုင်ကြည့်နေသည့် Raim အားဒေါသဖြစ်သွားမိသည်။ သူနေ့လည် တစ်ချက်ကျော်ထဲကအိပ်လိုက်တာ ခုချိန်ထိသူဘယ်လိုများ အိပ်ပျော်သွားရပါသလဲ ။သားတို့ သားတို့ရော ...

"ကိုကို အိပ်နေတာ Raim ကဘာလို့နိူးရမှာလဲ မနိူးရက်ပါဘူး"

"ဒါပေ့မယ်...အချိန်လဲကြည့်ဦး သားတို့ သားတို့ကရော "

အိပ်လိုက်တဲ့ ဦးဂုဏ်ခန့်စည် သားတို့ကိုအခုမှသတိရရှာသေးသည်။Raim ရယ်လိုက်ပြီး

"သားတို့ကို နေသူ ကြိုပြီးလို့ ညစာတောင် ဒီကောင် ဆိုင်ကောင်းကောင်းမှာ ဆွဲပြီးနေလောက်ပြီ "

"သားတို့ကို အပြင်စာသိပ်မကျွေးချင်တာကို မင်းကွာ နိုးလိုက်တာမဟုတ်ဘူး "

"ကိုကို အရမ်းအိပ်မောကျနေတာ Raim မနိုးရက်လို့ "

"အခု Company မှာမင်းနဲ့ငါနဲ့ပဲကျန်တော့တာမလား ကျစ်!! ပြန်မယ်ထ "

"ကိုကိုကလဲ လုံခြုံရေးတွေလဲကျန်ပါသေးတယ်"

ဂုဏ် မျက်မှောင်ကျုံလိုက်ကာ

"အေး ရွဲ့နေလိုက် "

"ဟား...မရွဲ့ရပါဘူးဗျာ ဟိုမှာရေချိုးခန်းရှိတယ် ကိုယ်လက်အရင်သန့်စင်လိုက်ဦး "

"အဝတ်စား မပါခဲ့ဘူးအိမ်ရောက်မှ... "

"ရှူးးး အကုန်အဆင်သင့်ပဲ "

လက်ညိုးနဲ့ သူနူတ်ခမ်းကို ပိတ်ကာ မျက်စိတစ်ဖတ် မှိတ်၍ ပြောလိုက်သော ကောင်လေးကြောင့် ဂုဏ် အနေရခက်သွားသည်။

ဂုဏ် ဆိုဖာပေါ်မှထကာ အညောင်းဆန့်လိုက်ပြီး ရေချိူးခန်းထဲ သို့မျက်နှာသစ်ရန် ထလာခဲ့သည်။

LOVE  IS INTENSIVE(Complete) Where stories live. Discover now