Episode (5)💥

10.8K 503 41
                                    


ဂုဏ် ဘဝလေးကဟိုအကောင်မရှိထဲက အေးချမ်းနေတာအမှန်ပင်။ ညီအစ်ကို သံယောဇဉ် ကြောင့် တစ်ခါတစ်လေ သတ်ိရမိပေ့မယ့် ငါအပေါ် မရိုးသားပါလား ဆိုတဲ့အသိ ကိုသွင်းကာ ချက်ချင်းမေ့ပြောက်နိုင်အောင် ဂုဏ် ကြိုးစားသည်။

သူအကြောင်း တစ်ရေးနိုး တွေးမိရင်တောင် မျက်နာချက်ချင်းထသစ်ပြစ်မိသည်ထိ ရွံရှာမိသည်။ ထိုလောက်ထိ Raim အပေါ်သူ မသတီပါ ။

သူထွက်သွားမယ့် နောက်ဆုံးည ကအဖြစ်ပျက်ကို ပြန်မြင်ယောင်တိုင်း
ခုချိန်ထိတုန်ကယင်ဖြစ်ကာ ထိတ်လန့်နေတုန်းပင် ။

"သားရေ သား !!"

"မေမေ ဘာလို့အော်နေတာလဲ သားဒီမှာ "

"ဒီမှာ ကြည့်ပါဦး Raim လေး Raimလေး ကမ္ဘာကျော် Time မဂ္ဂဇင်း မှာ မျက်နာဖုံး အဖြစ်ပါလာတယ်။  ကြည့်ပါဦး သားရယ်
သားငယ်ကချောလိုက်တာ"

သူ မကြည်ချင်ပေ့မယ့် မေမေ အတင်းပြနေတာမို့ကြည့်မိလိုက်သည်။

'ညီတောင် လူကြီးဖြစ်လာပြီးပဲ'

ညီပုံစံက ပုံမှန်လေ့ကျင့်ထားမှန်းသိသာအောင် ခန္ဓာကိုယ် က six pack တွေကရင်ဘတ်တစ်လျှောက်အပြည့်။ ဖြောင့်စင်းသော နှာတံနဲ့ ပိရိသေသပ်သော နူတ်ခမ်းများက ညီမျက်နာကို အစွမ်းကုန် ပံပိုးထားသည်။

အပေါ်ပိုင်းဗလာနဲ့ ညီပုံက အရမ်း Active ဖြစ်ကာ မျက်ဝန်းပြာ များဖြင့် လုံးဝ parfect ဖြစ်နေသည်။ရွေရောင်ဆံပင်များကို တစ်ဝက်စီးထားပြီး စိုက်ကြည့်နေပုံက လူကိုကြက်သီးထစေသည်။

"ဘာထူးဆန်းလို့လဲမေမေရာ ပုံမှန်ပါပဲ"

ဂုဏ် စိတ်ထဲကသာတွေးလိုက်ပြီး နူတ်ကထုတ်မပြမိ

"သားငယ်လေးကို လွမ်းလိုက်တာ Raim လေးကလူကြီးလေး ဖြစ်လာပြီ  နော်သား"

"တော်စမ်းပါ ရုပ်ကိုက သတ်ချင်ဖြတ်ချင်နေတဲ့ရုပ်နဲ့ သူဟာသူ ဘယ်လောက်ချောနေလှနေပါစေ စိတ်ဓာတ်မကောင်းရင် ဘာမှလုပ်မရဘူးမေမေ"

"ပြီခဲ့တာတွေလဲ ပြီပါစေတော့ကွယ် အဲ့တုန်းက Raim လေးကငယ်သေးလို့ပါ။  အခုသားငယ်က လိမ်မာနေလောက်ပါပြီ "

LOVE  IS INTENSIVE(Complete) Waar verhalen tot leven komen. Ontdek het nu