Episode (25)💥‼️

10.7K 399 33
                                    

"Daddy ယို့.... "

"ဘာလဲ ခမ်းနား ရာ ငါ အလုပ်ပိတ်ရက်လေးတောင်အေးအေးဆေးဆေးနေလို့မရဘူးလားကွာ... "

"အာ့ဒါ ဒူဒူယဲယို့ ထမ်းနားယဲသိချင်တယ်ယေ ..."

စပ်စုစိန်'ရိန်ခမ်းနားစည်'အား Raim လုံးဝမနိုင်ပါ။ သူမနိုင်သလိုတစ်အိမ်လုံးလဲ ခမ်းနားကို မနိုင် ။သူသိချင်တာရှိရင်မရမကမေးပြီး အဖြေမသိရလျှင် ဂျီတိုက်နေတတ်သေးသည်။ ခေါင်းမာတာကတော့ သူနဲ့တစ်ပုံစံထဲ။

"မပြောပြဘူးကွာ.... "

Raim ခမ်းနား နဖူးကိုလက်ညိုးနဲ့ဖိထိုးကာ ဘေးသို့တွန်းဖယ်ရင်း ပြောလိုက်သည်။

"Daddy မက်နေ့ထဲက အာ့ပုံကြည့်နာ တစ်ရာငါးခါလောက် စိတော့မယ် ကြောပြပါနော်...နော် ထမ်းနား အရမ်းသိချင်နေပီယို့ "

သွားကြိုးလေးနဲ့သားငယ်လေးအား ကြည့်ကာ Raim ရယ်လိုက်မိတော့သည်။ သားငယ်က တစ်ကယ့်ကိုအတတ်လေးပါ။ လိုချင်တာကိုမရမကလဲချွဲတတ်တာကလဲသူ့ပုံစံအတိုင်းပင်။ မရမချင်း တစ်ဇွတ်ထိုးဆန်တတ်သည်ကလဲ သူမှသူ ။ရုပ်ကျပြန်တော့လဲ မိတ္တူဆွဲထားသလားထင်မှတ်ရသည်ထိ။

"အဲ့ဆိုရင် ခမ်းနားနဲ့ Daddy
give and take ရှိတယ် "

သူ ခမ်းနားရှေ့ ဒူးထောက်ထိုင်ချကာ မျက်စိတစ်ဖက်မှိတ် ၍ ပြောလိုတော့ ခမ်းနား ပြုံးရယ်လာပြီး။

"ok ok what?.."

"ရေခဲမုန့်နဲ့ချောကလက်တစ်ပတ်တိတိ မစားရဘူး "

"Arr..."

ခမ်းနားလက်ညိုးကို ပါးစပ်ထဲထည့်ကာ စဥ်းစားလိုက်ပေ့မယ့်စိတ်တော့ ရူပ်သွားဟန်။ နှစ်ခုလုံးက ခမ်းနားရဲ့ မစားရမနေနိုင် Fav တွေ။ သွားတွေသာကြည့်တော့...

သားငယ်ကို Raim သဘောကျစွာရယ်လိုက်ရင်း ဘယ်လိုလဲ ဆိုသည့်သဘောဖြင့် ၊ မှေးဆတ်ပြလိုက်သည်။

"ok ok... daddy "

"Promise "

"Promise..... Promise ဆို "

"လာ... အနားကိုတိုး "

Raim ခမ်းနားရဲ့ နားလေးကိုကပ်ကာ တိုးတိုးလေး ကပ်၍ ပြောပြလိုက်သည်။ ခမ်းနားမျက်လုံးလေးပြူးကာအံသြသွားပုံက ရိုက်ပစ်ချင်စရာ။ပြောပြချိန်တန်ပြီလို့ Raim ထင်လိုက်မိသည်မို့ သားကိုပြောပြလိုက်သည်။

LOVE  IS INTENSIVE(Complete) Место, где живут истории. Откройте их для себя