Episode (31)💥

9.2K 371 33
                                    

Raim ခမ်းနားကို အိပ်ယာပေါ်ငြင်သာစွာချသိပ်လိုက်ပြီး စောင်သေချာခြုံပေးလိုက်သည်။ အရမ်းလဲညောင်းနေပြီမို့  Raim အညောင်းအရင်ဆန့်လိုက်သည်။

တစ်နေကုန် ပင်ပန်းခဲ့သမျှ အိပ်ယာမြင်တာနဲ့ သူပြစ်လှဲချကာ အိပ်ပြစ်ချင်နေပြီ။ တစ်နေ့ကုန် ခရီးသွားခဲ့တာမို့ ခြေလက်အရင်သန့်စင်ရန် ရေချိုးခန်းသွားဖို့ ပြင်လိုက်သည်။

ခုထိ မလှုပ်မယှက်ထိုင်နေသော တစ်စုံတစ်ယောက်ကြောင့် Raim မျက်မှောင်ကုတ်လိုက်မိသည်။

"အဲ့ဒါကဘာလုပ်နေတာလဲ "

"ထိုင်နေတာလေ "

"မြင်တယ်လေ "

"မြင်ရင်ဘာလို့မေးနေသေးလဲ... "

"ဦးဂုဏ်ခန့်စည်! !!"

"ဂုဏ်ခန့်စည် !!ဂုဏ်ခန့်စည် နဲ့မင်း မမောဘူးလား "

"မမောပါဘူး ခင်များနာမည်မို့ ခေါ်တာပဲ "

"ကျစ်! !!"

"ရေမချိုးပဲ ဘာထိုင်လုပ်နေတာလဲ လို့မေးချင်တာ "

"မင်းပဲ အခန်းထဲရောက်ရင် တွေ့မယ်ဆိုလို့ ထိုင်စောင့်နေတာလေ "

"အာ...ခင်များ ဘာတွေပြောနေတာလဲ "

ရှက်ရမ်းရမ်းသွားပြီး ဂုတ်ကိုလက်ဖြင့်ပွတ်နေသော Raim အားကြည့်ကာ ဂုဏ်ခန့်စည် ရယ်လိုက်မိသည်။ အရင်က လက်ရဲဇက်ရဲ နဲ့သူ့အမျိုးသားငယ် ကဘယ်ရောက်သွားပါလိမ့် ။

"မတွေ့တော့ဘူးဆိုလဲပြော မင်းတစ်လမ်းလုံး ဒီလူရဲ့လက်မောင်းကို မှီလာတာမို့ အရမ်းညောင်းနေပြီ မို့ ရေချိုးမလို့ "

သူကို ပြုံးစစမျက်နှာဘေးနဲ့ပြောနေသော ကိုကိုအား ကြည့်ကာ Raim ​ရင်ခွင်ထဲတိုး၀င်ပြစ်လိုက်ချင်ပြီး။  သို့သော်ငြားလဲ  ဟန်ကိုယ်အရင်ဖို့ကာ

"ခင်များကို ဘယ်သူမှရိုက်မမေးဘူး ၊ အရင်ချိုးမှာဆိုရင်လဲ သွား..."

"ပုဆိုးနဲ့ အကျီငုားပေးဦး ဘာမပါခဲ့ဘူး "

"ဘာမပါရင် မဝတ်နဲ့ပေါ့ "

"မင်းကြိုက်တယ်ဆိုရင်ကိုယ်မဝတ်ပါဘူး "

"ကျစ်! !!ခင်များ ဘာဖြစ်ချင်နေတာလဲ "

LOVE  IS INTENSIVE(Complete) Onde histórias criam vida. Descubra agora