Episode (36)💥

8.7K 414 42
                                    


Raim သွားလိုက်တာ တစ်ပတ်တိတိ ကြာခဲ့ပြီ။ ဂုဏ် မှာဘယ်လိုမှနေသား မကျနိုင်။ နေရာအနှံ့သူ့ကောင်လေးကို သာမြင်နေမိသည်။
သားတို့ရှိနေချိန်တော်သေးသော်လဲ သားတို့ကျောင်းသွားတာနဲ့ သူ့မှာယောင်လည်လည်။ Company အလုပ်တွေ စစ်လိုက် တွေးလိုက်ငေးလိုက်နဲ့ ကြာရင်လူက ရူးတော့မလိုပင်။

Raim ရဲ့ဂျီကျမူ့တွေကို လွမ်းသည်။ ကပ်ချွဲနေခဲ့တာတွေကို စိတ်ရူပ်စရာ လို့ပင်မထင်ရက် လောက်အောင် ထိုကောင်လေးရဲ့ ချွဲမူ့အပေါင်းကို သူအခုသတိရနေပါသည်။

ဖုန်းတွေ ညတိုင်းပြောဖြစ်နေပေ့
မယ့် အလွမ်းကမပြေ။ စိတ်က ပြေး၍သာ တွေ့ချင်နေမိသည်။ ဂုဏ် အမှန်တိုင်း ဝန်ခံရရင် ထိုကောင်လေးရဲ့ အထိတွေ့ကို ရူးလောက်အောင် သတိရနေပြီ ဖြစ်သည်။

ဂုဏ် ဒီတေ့မှပို၍ ထိုင်မရ ထမရနှင့်အတော်လေးအခြေနေဆိုးနေသည်။ ဖုန်းခေါ်ချင်ပေ့မယ့် အချိန်မတူတဲ့အတွက် Raim အခက်တွေ့မှာ ဂုဏ်စိုးရိမ်မိသည်။

"ဟူး.....ချစ်မိပြန်တော့လဲ ပူလောင်ရပါလားကွာ"

ဂုဏ် စိတ်ပျက်လက်ပြက်ထိုင်နေရင်း ခြံဝကို ငေးနေမိသည်။
ဘယ်နေရာကြည့်ကြည့် Raim ကိုသာမြင်နေ၍ ဂုဏ် သားတို့ကို သွားကြိုရန် ဆုံးဖြတ်လိုက်ရတော့သည်။ စိတ်ပြောင်းလို​ပြောင်းငုားပေါ့။

"သား .... "

ဂုဏ် ရင်ခင်ထဲပြေးဝင်လာကြတဲ့နှစ်ကောင်။ သူဗိုက်ကို ခေါင်းတိုး၍ ပွတ်သပ်လာတဲ့သားတို့ခေါင်းလေးကို ပွတ်၍ မေးဆတ်ပြသည်။

"ဘာလဲ.... ဖေဖေဟလာကြိုလို့ချွဲနေကြတာပေါ့ "

"ဟိ ခမ်းနား ဖေကြီးကို ရမ်းချစ် "

"မဟာလဲချစ်တယ် ဖေဖေ"

"ဖေဖေ ကလဲသားတို့ကိုအရမ်း
ချစ် "

သားလက်လေးတွေဆွဲကာ ဂုဏ် ကားပေါ်သေချာတင်ပေးပြီး မောင်းသူနေရာမှာသူ၀င်ထိုင်လိုက်သည်။

"သားကြီး နဲ့သားငယ် ဖေဖေတို့ဒီနေ့ဘာစားကြမလဲကွာ "

"ဖေကြီး သုပ်ပေးတဲ့ထမင်းသုပ် ခြားမယ် "

LOVE  IS INTENSIVE(Complete) Where stories live. Discover now