Episode (16)💥

7.5K 348 20
                                    

မုန်း အိပ်နေသော လူကြီးကို ကြည့်ကာ သဘောတွေကျနေမိသည်။
ခန့်ညားသော ဥပတိရုပ်က ချောသည်မဟုတ်သော်လဲ လွန်စွာမှ
ကြည့်ကောင်းသည်။ ပိရိသေသပ်သော နူတ်ခမ်းများက စေ့ပိတ်ထားသည်တိုင် စွဲမက်စရာအတိ။

မုန်း ဒုတိယ အကြိမ်ရယ်မိလိုက်ပြန်သည်။ဒါကဘယ်လိုရေစက်မျိုးလဲ ။

"ဒီလူကြီးကတော့ကွာ "

မုန်း ဦး ကိုအိပ်ယာထဲပို့ပြီသည်နဲ့ ကိုယ်လက်သန့်စင်ကာ ခုချိန်ထိ ထိုင်ကြည့်နေတာဖြစ်သည်။ လူကြီးလူကောင်းပီသတဲ့ ဦး ကိုဘယ်သူပိုင်တာလဲသူသိပ်သိချင်မိသည်။

ထိုလူဟာ သေချာပေါက်ကံကောင်းလိမ့်မည်။ ဦး ပုံကကြည့်ရတာကလေကချေပုံမျိုးလုံးဝမဟုတ် ။
သူထင်တာ မမှားဘူးဆိုရင်ဦးက အထက်တန်းလွှာက ဖြစ်ကောင်းဖြစ်လိမ့်မည်။

"ဟိတ်.... ငါ့ကိုကြည့်ပြီး ဘာလုပ်နေတာလဲ!!"

ဂုဏ် ရုတ်တရက် အော်လိုက်တော့ ထိုကောင်လေး လန့်သွားသည်ထင်။ ရှက်ပြုံးပြုံးကာ ရယ်ပြီးခေါင်းကို ကုတ်လိုက်ပုံလေးကအူယားစရာလေးအတိ။

"ဟာ...ဦးကလဲ လန့်လိုက်တာဗျာ "

"ဟောဗျာ.. ဒါနဲ့မင်းကဘာလို့ ငါ့ကိုထိုင်ကြည့်နေတာလဲ"

"ကြည့်ကောင်းလို့လေ "

"ဟားဟားဟား... ဘယ်အချိန်ရှိပြီလဲ "

"ဆယ်နာရီ ...ဦး ဘာလဲ ပြန်တော့မလို့လား"

ဂုဏ် အိပ်ယာမှလူးလဲထလိုက်ကာ

"အွန်း.."

ကောင်လေး မျက်နှာပျက်သွားကာ
ညိုးငယ်စွာဖြင့်

"ဦး ကမုန်းကို လာမတွေ့တော့ဘူးလားဟင်"

"ဟ...တွေ့ဖို့ရှိသေးလို့လားမင်းနဲ့ငါ ဘာမဖြစ်ခဲ့ဘူးနော်"

"ဦး...ကလဲ မုန်း ကိုအထင်သေးလိုက်တာ "

"ဟိတ် ဟိတ်ငါ့စကား ထဲမှာအထင်သေးတာ တစ်ခုမှမပါဘူးနော် ရှင်းပြရုံလေးပဲ"

မုန်း ဝမ်းနည်းသွားမိသည်။ စပွန်ဆာရှာကာ ဘဝကိုရပ်တည်နေပေ့မယ် လူတိုင်းနဲ့ ဗရုတ်ကျတဲ့ ထိတော့သူအဆင့်တန်းမနိုမ့်ပါ။ သူဟာ အကောင်ကြီးတွေကို ကပ်တတ်ပြီး တော်ရုံဆိုလှည့်မကြည့်တတ်။ အခုနောက်ပိုင်း ထိုအရာတွေကို စိတ်ပျက်မိလို့ တစ်ယောက်ထဲ နေမိတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

LOVE  IS INTENSIVE(Complete) Where stories live. Discover now