Episode (26)💥

8.3K 334 25
                                    


နေသူငြိမ်း ဒီနေ့သားတို့မှာတာလေးတွေပို့ဖို့ လေဆိပ်သွားရမှာကြောင့်အိပ်ယာမှစောစောထလိုက်သည်။ ဒီ Raimluwise အိမ်ကြီးမှာ သူနေပေးခဲ့တာ Raim ထွက်သွားလိုက်ထဲက ။ ပီတိနဲ့ လဲ အနေနီးတာမို့ သူမငြင်းပဲနေပေးခဲ့သည်။

ပြေးကြည့်မှ သူတို့နှစ်ယောက်ပဲရှိတာမို့ Raim ဖြစ်ချင်တာအကုန် နေသူဘက်မှ မငြီးမညူ လိုက်ရောပေးခဲ့တာကြီးပဲ။ တွေ့ရင်ဆဲ ကွယ်ရင်လွမ်း ဆွေမျိုးထက်ရင်းတဲ့ သွေးတွေဟာ သူငယ်ချင်းဆိုတဲ့ နာမ်စားထဲမှာ ပဲစီးမျောနေတတ်တာမျိုးပါ။

နေသူ ရေချိုးလိုက်ပြီး အင်္ကျီအဖြူတစ်ထည် ကောက်ဝတ်ကာ တွေ့ရာ ဘောင်းဘီတစ်ထည်ကိုလဲ ဖြစ်သလို ယူ၀တ်လိုက်သည်။ ဘယ်လိုပဲဖြစ်နေပါစေရုပ်ခံရှိသူမို့ ကိုယ်က ဘာ၀တ်၀တ်လှတယ်လေ။ နေသူ
မှန် ထဲကိုတစ်ချက်ကြည့်လိုက်ပြီး

"ဟက်!!ဘယ်လိုနေနေသန့်လိုက်တာကွာ "

အိမ်အောက်ထပ်ဆင်းလာပြီး ခြံအနောက်ဘက်ကို သူ ထွက်လာခဲ့သည်။ အိမ်ကြီးရဲ့ နောက်ဖေးတွင် ကိုဇ တို့သားအဖနေဖို့ အန်တီနန်းကတစ်ထပ်အိမ်လေးဆောက်ပေးထားသည်။

အိမ်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ နေချင်စရာကောင်းအောင်တော့ ကိုဇ ကသူဟာသူဖန်တီးထားသည်။ Raim ရောသူရော အိမ်ကြီးမှာလာနေဖို့ခေါ်ပေ့မယ် ကိုဇ ကအမြဲငြင်းတာမို့ လက်လျှော့ထားရသည်။

နေသူငြိမ်း ပတ်ဝန်းကျင် အကဲခတ်လိုက်တော့ ဖီဖီအား မတွေ့ ။ ဖီဖီ ကိုမတွေ့မှ အိမ်ထဲသို့ ခြေဖော့ဝင်လာကာ ပီတိလေးအား လိုက်ရှာလိုက်သည်။

ဟောတွေ့ပါပြီ သူကိုကိုက ရုံးသွားခါနီးမို့ ရေချိုးကာ အင်္ကျီဝတ်ဖို့ရှာနေသည်ထင်။ အပေါ်ပိုင်း အင်္ကျီမပါ၊  ပုဆိုး တစ်ထည်ကိုသာ ခပ်တိုတိုဝတ်ထားသည်။

မနက်စောစောစီးစီး   ဇပီတိက သူကိုအကြီးကျယ် အာခေါင်ခြောက်စေပြီ။ နေသူ တံတွေးပင် မြိုချလိုက်မိတော့သည်။

"ပီတိလေး .."

"ဟင်...နေသူ မင်းဘယ်လိုလုပ်!!"

နေသူ ကိုဇ နောက်ကနေသိုင်းဖက်ပစ်လိုက်ပြီး

LOVE  IS INTENSIVE(Complete) Where stories live. Discover now