Episode (28)💥

8.7K 347 22
                                    

အေးစက်နေသော အခန်းထဲ တစ်ယောက်ထဲ ထိုင်မရ ထမရဖြစ်နေရသူက ဂုဏ် ရယ်ပါ။

ကိုသီဟ စုံစမ်းပေးချက်အရ Raimတို့ ဒီနေ့ပြန်ရောက်မယ်တဲ့။တစ်စုံတစ်ယောက်ရဲ့ နာမည်ကိုအမှတ်တမဲ့ကြားလိုက်ရုံနဲ့တင် အယောင်ယောင်မှားမှား တုန်လှုပ်မိတတ်တဲ့ကိုယ်က လူကိုယ်တိုင်မြင်တွေလိုက်ရပါလျှင် သူစိတ်တွေ ထိန်းလို့ရမည်လား။

လက်နှစ်ဖက်ကို ဖိချေကာ ဂုဏ်တစ်ယောက် တောင်နဲ့မြောက်လျှောက်နေမိသည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိ။ နံရံတွေသာ စကားပြောတတ်ရင်သူကိုမျက်စိနောက်ပါတယ်ဆိုပြီး အော်နေလောက်ပြီ ။

"တီ!!တီ! !"

ကြားလိုက်ရတဲ့ ကားဟွန်းသံကြောင့် ဂုဏ် တစ်လုံးတုန်သွားသည်။ ပြတင်းပေါက်နား အမြန်သွားကာလိုက်ကာကြားမှာ သူဟိုဘက်ခြံကို ချောင်းကြည့်နေမိသည်။

"ဟင်...."

ကားပေါ်ကဆင်းလာတဲ့ ရွယ်တူကလေးလေးနှစ်ယောက်။  ဘယ်သူတွေလဲ ။နောက်ပြီးဖော်ရိန်ပုံစံ ကောင်မလေးတစ်ယောက်။

"ဟင် Raim..Raim အိမ်ထောင်ကျသွားတာလား   မဖြစ်နိုင်လောက်ပါဘူး "

ဒါဟာ သူဆုတောင်းစကားပါ။ ကျသွားခဲ့ရင်ရော ။ သူ လိုက်ကာကို အားပြုဆွဲထားရင် ဆက်ကြည့်နေမိသည်။ နောက်ဆုံးမှ ဆင်းလာသူကသူရဲ့ Raim ။ သူ ကိုသိပ်ချစ်ခဲ့တဲ့ကောင်လေး...

"ဟင်..."

သူ ဒုတိယ အကြိမ် အံသြသွားရပြန်သည်။ သူရဲ့Raim မှာ  သူသိပ်သဘောကျဖူးတဲ့ရွှေရောင်ဆံပင်တွေ မရှိတော့ပါ။ ဆံပင်ကိုတိုအောင်ညှပ်ကာ အပေါ်ကိုလှန်တင်၍ သပ်ရပ်စွာဖြီးထားသည်။ သူသိပ်ချစ်ရတဲရွှေရောင်ဆံပင်တွေအစား အညိုရောင်ဆံပင်တွေက လူကြီးဆန်စွာ အစားထိုးဝင်ရောက်နေသည် ။

သူ  မချွတ်ရဲခဲ့လို့ သတိတရ လက်မှာအမြဲပတ်ထားခဲမိတဲ့ ခေါင်းစီးကြိုးအနက်ရောင်လေးအား အကြောင်းမဲ့ ဂုဏ် ပွတ်သပ်လိုက်မိသည်။

မဖိတ်ခေါ်ပဲ ကျလာတဲမျက်ရည်တွေကိုစိတ်ကုန်မိသည်။ မရင့်ကျက်သေးတဲ့ ကို့စိတ်တွေကြောင့် ကိုယ်ကိုကိုယ်လဲရှက်မိသည်။ 

LOVE  IS INTENSIVE(Complete) Where stories live. Discover now