Episode (22)💥

8K 466 75
                                    

"စားလေ.....ဘာတွေငေးနေတာ
လဲ "

" ဦး...ကျွန်တော်လေ ခုချိန်သေရမယ်ဆိုရင်တောင် သေပျော်ပြီထင်တယ်"

"ပေါက်ကရ တွေမပြောပဲ အစားကိုအရင်၀င်အောင်စမ်း မုန်း "

"တစ်ကယ်ပြောတာ ဦးရဲ့ ဘဝမှာဘာကိုမှ လိုလိုချင်ချင်မတောင်းတခဲ့ဖူးဘူး။ ကိုယ်ဘဝကို ကိုယ်ကျောင်းရင်း ကြီးပြင်းခဲ့ရလို့ ဂရုစိုက်မူဆိုတာဘာလဲ မသိခဲ့ရဘူး... ဦးရဲ့ "

ဂုဏ် အဝေးကိုငေး၍ ပြောနေသော မုန်းအားကြည့်၍ စိတ်ထဲမကောင်း။ သူနဲ့ Raimကငယ်ထဲကမတောင်းမကျ မကြောင်းမကျနေခဲ့ရလို့ အပူပင်ဆိုတာသူတို့ဘဝမှာမရှိခဲ့ပါ။ မတူညီတဲ့ ဘဝတွေအတွက် ဘယ်ဘုရားကိုအပြစ်ဆိုရမယ်ဆိုတာတော့ ဂုဏ် မသိ။

"ကျွန်တော်လေ ဦး ကိုတွေ့ခွင့်ရခဲ့တာဟာဘဝမှာ ကျွန်တော်တစ်ခါမှမရဘူးတဲ့ ဆုတစ်ခုခုကို ဘုရားကသနားလို့ပေးလိုက်သလိုပဲ။ သိပ်ကိုပျော်တာပဲ "

ဂုဏ် ပြုံးလိုက်ပြီး ...

"စကားတွေ ကြွယ်မနေနဲ့ စား...
ဒါနဲ့ငါမေးပါဦးမယ် "

"ဟုတ်"

"ငါပေးတဲ့ငွေကို ဘာလို့မယူတာလဲ ။ငါပေးတဲ့တိုက်ခန်းမှာရော ဘာလို့မနေတာလဲ"

"ဒါက ဒီလိုရှိတယ်ဗျ "

"အင်း... ဆိုပါဦး "

"ယောကျာ်းလေးတွေက ပိုက်ဆံအများကြီးရှိရင် ပျက်စီး တတ်ကြတယ်တဲ့။ အဲ့ဒါကြောင့် အထိန်းကွပ်မရှိတဲ့ ကျွန်တော် က ဦးပေးတတဲ့ပိုက်ဆံကို မယူတာ။ ပြီးတော့ ဦး မျက်စိထဲမှာ ကျွန်တော်က လိမ်မာတဲ့ကောင်လေးဖြစ်ချင်တာလေဗျ အဲ့ဒါကြောင့်မို့လို့ပါ "

အမှန်က မုန်းမယူခဲ့တာဟာ ဦး အထင်သေးသွားမှာ ကြောက်ခဲ့လို့ပါ။ သူကို ငွေပေးတိုင်းရတဲ့လူလို့ လုံး၀မထင်စေချင်ဘူး ။

"ကြီးကြီးကျယ်ကျယ်နဲ့။ ကွန်ဒိုကရော "

"အခုနေနေတာလဲအဆင်ပြေနေတာပဲလေ၊  ပြီးတော့ ကျွန်တော်ဦးအပေါ်ထားတဲ့ စေတနာတွေကိုအဖြူရောင်သက်သက်ပဲမြင်စေချင်လို့ပါ"

"အဲ့ဒါနဲ့ပဲ အိမ်လခအတွက် အလုပ်ကြမ်းတွေ ဝင်လုပ်နေတယ်ပေါ့"

LOVE  IS INTENSIVE(Complete) Where stories live. Discover now