Episode (30)💥

7.9K 344 32
                                    

"ဘာတဲ့လဲ ...Raim "

"ကိုခန့်က ဘာပြောလိုက်တာလဲ Raim ...သူသိသွားပြီလား"

"Daddy ဘာတဲ့ယဲလို့ "

Raim သူတို့မေးတာတွေကို ပြန်မဖြေနိုင်သေး။ ကတုန်ကယင်ဖြစ်နေတဲ့စိတ်ကို ထိန်းဖို့ သူရေတစ်ခွက် အရင်ယူသောက်လိုက်သည်။ ပြီးနောက် Raim ထပ်ပြုံးလိုက်ပြန်သည်။

"ပါးစပ်ကြီးလဲ နားရွက်ချိတ်သွားပါဦးမယ် မအေဘေးရယ် ဘာတဲ့လဲလို့  "

နေသူ ဘာပြောပြော Raim ဂရုမစိုက်နိုင်သေး။  ကိုကို ဘက်ကစနမ်းလိုက်တာကိုပဲ Raim ပြန်ပြန်မြင်ယောင်နေသည်။

"ကိုခန့် ကဘာတဲ့လဲ Raim "

ကိုဇမေးတော့ Raim ဆံပင်များကြားလက်ထိုးလိုက်ကာ ချိုမြိန်စွာ ပြုံးလိုက်ရင်း

"ကိုကိုက ကျွန်တော် ကိုပြန်လိုချင်တယ်တဲ့ ကိုဇ ....ပြီးတော့ သားတွေက သူ့သားတွေမှန်းသူသိတယ်တဲ့ "

"ဟင်... သားတွေကို သူ့သားတွေမှန်းဘယ်လိုသိတာလဲ Raim "

ဂရေစ့် ကတစ်အံတစ်သြနဲ့ဝင်မေးရှာသည်။

"ခမ်းနားကို တွေ့တုန်းက စိတ်ကထင်ပေ့မယ့် မမျှော်လင့်ရဲဘူးတဲ့။  မဟာ ကိုတွေ့မှပိုသေချာသွားတာတဲ့ ... "

Raim ကြည်နူးပီတိ စိတ်ဖြင့် တုန်တုန်ယင်ယင်ရှင်းပြနေမိသည်။

"ဒါကြောင့် ဒီမသာမျက်နာ အဲ့ရုပ်ဖြစ်လာတာကို "

"ဝိုး....အာ့ Daddy ကဘယ်လိုကျန်ကြောလိုက်ယဲ "

"Daddy ဘာပြန်ပြောလိုက်လဲ  "

သားတို့ မေးလာတော့လဲRaim မဖြေတတ်ပြန်။ သပ်ရပ်စွာ ဖြီးထားသော သူ့ဆံပင်များကို လက်နဲ့အကြောင်းမဲ့ ခဏခဏ ထိုးဖွနေမိသည်။

"နဲနဲလောက်တော့ နေကြည့်ဦးမယ်။ ကိုကို ဘယ်လိုလုပ်မလဲငါသိချင်သေးတယ်"

"မူမနေနဲ့ ဟိုက စိတ်ပြန်ပြောင်းသွားမှ  ရုပ်ကြမ်းကြီးနဲ့ ကျန်ရစ်ဖြစ်နေမယ်"

"ငလိုးမသား မင်းပါးစပ်ပုတ်ကြီးနဲ့ကွာ "

"နေသူ မင်းကလဲကွာ ..."

"သား Daddy ကို ဖေဖေက ဂယ်ချစ်တာ သားခံစားမိတယ် လူဆိုးနေသူရဲ့ "

LOVE  IS INTENSIVE(Complete) Where stories live. Discover now