Episode (3)💥

11.3K 569 23
                                    

"မင်း ဘယ်ချိန်ထိ ခုလိုပုံစံမျိုးတွေဆက်လုပ်နေဦးမှာလဲ Raim "

"ဘာလဲ ကိုကိုရာ Raim အခုဘာလုပ်နေလို့လဲ နားပူတယ်ဗျာ ကျွတ်!!နာရတဲ့ကြားထဲ ကိုကိုကဗျာ "

"ကိုကိုက ဗျာ မနေနဲ့
တောက် !!ငါလုပ်လိုက်ရင် သေတော့မယ် "

"အ့ မာမီ ဟင့် "

"တော်ပါတော့ သားရယ် သားညီလေး ရန်ဖြစ်လာပါတယ်ဆို သားကပါထပ်ပြီး ​နားပူနားဆာမလုပ်ပါနဲ့တော့ "

"သူရန်ဖြစ်လာလဲ သူအိမ်သူပြန်ပါလား ထစ်ခနဲရှိ သားကိုပဲအပူကပ်နေတာ ကောင်းလားမေမေ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ! "

"ကိုကို Raim ကိုအဲ့လိုတော့မပြောနဲ့!! "

"ပြောတာမကြိုက်ရင် ပြင်လေ "

"ဟာ... တော်ပြီကွာ နားငြီးလိုက်တာ အပြင်မှာပဲ သွားအိပ်တော့မယ်"

"ဟဲ့ သားငယ် ဟဲ့သားငယ် အော် ကလေးကို သားငယ်!!"

"သွားပါစေ မေမေ သူအသက်ရွယ်တစ်ခုရောက်နေပြီ သူ ကိုသူထိန်းသင့်နေပြီ သိပ်တရားလွန်လာရင် သား ဒီထက်ပိုပြီးစိတ်ပျက်မိသွားလိမ့်မယ်"

"သားရယ်... Raim လေးက ငယ်သေးလို့ပါကွယ် "

"မေမေတို့ ကြပ်ကြပ်အလိုလိုက် သူက အိမ်ဦးခန်း ချီးတက်ပါသွား
လိမ့်မယ်.. "

ဂုဏ် စိတ်ရူပ်စွာနဲ့ အပေါ်ထပ်ကို ပြန်တတ်လာခဲ့လိုက်တော့သည်။ club မှာရန်ဖြစ်လို့တဲ့ မျက်နာတွေ မှာလဲထိုးကြိတ်ထားကြတာ ဟိုဘက်ဒီဘက်မြင်မကောင်း။ ရဲစခန်းက အသက်မပြည့်သေးပဲ club တတ်လို့ အချုပ်ထဲ ထည့်မယ်တစ်ကဲကဲ လုပ်နေလို့ သူမှာမနည်းတောင်းပန်ပြီး ခံဝန် လက်မှတ်ထိုးကာ ပြန်ခေါ်လာခဲ့ရသည်။

ဂုဏ် အိပ်မရမယ့်အတူတူ မျက်နာသစ်ကာ အိပ်ယာပေါ်တွင် ကျောဆန့်ရန် လှဲချမည်အပြု ပြတင်းကမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခန္ဓာကိုယ် က မတ်ခနဲ ဖြစ်သွားရသည်။

"ဒီကလေး အိမ်ထဲတစ်ကယ်ဝင်မအိပ်ဘူးလား "

Raim သူတို့အိမ်ရဲ့ ပန်းခြံထဲက ခုံမှာ ကျောမှီထိုင်ကာ ဆေးလိပ်ကိုသောက်နေသည်။ ဂုဏ် ခေါင်းကိုသာခါမိလိုက်တော့သည်။

LOVE  IS INTENSIVE(Complete) Where stories live. Discover now