Episode (20)💥

8.3K 410 11
                                    

မနက်ခင်း အလင်းက မျက်စိကိုလာစူးနေတာကြောင့် ဂုဏ်ဘယ်လိုမှ ဆက်အိပ်လို့မရတော့။ တစ်ကိုယ်လုံးလဲနာကျင်ကာ လှုပ်လိုက်တိုင်းနေရာတိုင်းက  နာသလိုလိုခံစားနေရသည်။

ကိုယ်ပေါ် စမ်းကြည်တော့
​အင်္ကျီကမပါ။ ညကဘယ်ချိန်မှ အိပ်ပျော်သွားမှန်းတောင် မမှတ်မိတော့။ သေချာတာတစ်ခုက သူမျက်စိတွေ လုံး၀ပိတ်ကျသွားသည်ထိ Raim ရပ်မပေးခဲ့ ။

"အင်း အင်း ဟင်း.."

ရုတ်တရက် ကြားလိုက်ရတဲ့ငြီးသံကြောင့် ဂုဏ် ဘေးတွင်အိပ်နေသော Raim အားလှမ်းကြည့်မိလိုက်သည်။

"ဘာလဲဟ !"

ဂုဏ် စိတ်ထဲတစ်မျိုးပဲမို့ နဖူးအား လက်ကအလိုလိုရောက်သွားသည်။

"ကျစ်!!!"

တစ်ကိုယ်လုံး ပူကျစ်နေတာကြောင့် ဂုဏ် စိတ်ရူပ်သွားသည်။

"အာရုံပဲ "

ပြစ်ထားလိုက်ချင်ပေ့မယ့် မကောင်းတတ်။ အိပ်ယာမှ ကမန်းကတမ်းထ အင်္ကျီကောက်ဝတ်လိုက်ပြီး မျက်နာ​သစ်ကာ ရေဇလုံယူလာပြီး Raim အားရေပတ်တိုက်ပေးလိုက်သည်။ ခံရတဲ့သူက ဘယ်ကောင်လဲ ။

ပူခြစ်တောက်နေသော ခန္ဓာကိုယ် ကြောင့် ဂုဏ် စိတ်နဲနဲပူသွားမိသည်။ ဒါကလဲ အရင်က ညီအစ်ကို သံယောဇဥ်ကြောင့်ဖြစ်မည်။  တစ်ကိုယ်လုံး ရေပတ်ကို နေရာအနှံတိုက်ပေးလိုက်ပြီး အင်္ကျီတစ်ထည် အရင်၀တ်ပေးလိုက်သည်။

ဆရာဝန်ကို ဖုန်းဆက်ခေါ် ကာ
ဆရာဝန်မလာခင် စားရန်ဆန်ပြုတ်လေးပြုတ်ဖို့ ဒေါ်နွေ ကိုဖုန်းလှမ်းဆက်လိုက်သည်။

"ဒေါ်နွေး ကြက်ပေါင်း ဆန်ပြုတ်လုပ်ပြီးအပေါ်ယူလာခဲ့ "

ဂုဏ် လုပ်စရာ ရှိတာ လုပ်ပေးခဲ့ပြီပြီ။ သူဖျားတာကိုယ်နဲ့မဆိုင် သေသွားတာမှကောင်းအုံးမည်။ ဂုဏ် အပေါ်၀တ်ကို ကောက်ယူလိုက်စဥ်

"မသွားပါနဲ့ ကိုကို ကျွန်တော်ကိုထားပြီး ထွက်မသွားပါနဲ့နော်..."

ဂုဏ် မျက်မှောင်ကျုံမိလိုက်သည်။ လူကလဲ တုန်သွားသည်လားတော့ ကိုယ်ကိုကိုယ် မသိ။လက်ကိုလာ ဆွဲထားသည်မှာလဲ တင်းတင်းကျပ်ကျပ်

LOVE  IS INTENSIVE(Complete) Where stories live. Discover now