Episode (29)💥

9K 383 28
                                    

"ဒါဆို...Raim Raim ကအိမ်ထောင် လုံးဝမကျခဲ့ဖူးဘူးပေါ့... "

"ဟုတ်ပါတယ်... Boss ကလေးနှစ်ယောက်ကိုလဲ သူရဲ့သူငယ်ချင်းမလေးအကူညီယူပြီးအငုားကိုယ်ဝန်နဲ့ယူခဲ့တာပါ...."

ဂုဏ် ခုံပေါ် လက်တင်ကာ အပြင်းထန်စဥ်းစားတော့သည်။ ကလေးတွေက အလွန်ဆုံးရှိ ငါးနှစ်ကျော်ခြောက်နှစ်ခန့်ရှိလောက်ပြီ။ သူနဲ့Raim ကွဲကွာတာကလဲ ငါးနှစ်ကျော် ။

*ဒါဆို..ဒါဆို ကလေးတွေကသူနဲ့အတူရှိစဥ်ထဲက ရှိနေခဲ့တာလား *

ဂုဏ် ယိုင်နဲစွာ ခုံကို အားပြုထားရင်း ဘယ်လိုမှလိုက်မမှီနိုင်အောင်ဖြစ်နေရသည်။ သူနဲ့ကလေးယူမယ်ဆိုရင်တောင် Raim ကသေချာပေါက်သူ့ကိုတိုင်ပင်ပါလိမ့်မည်။

အခုကဘာ​ကြောင့်လဲ Raim သူအတွက် Raim ပေါက်စလေးကို မွေးခဲ့တာလား။ နောက်တစ်ယောက်ကရော။ ဂုဏ် ရူးပင်ရူးချင်သွားရသည်။

"အားလုံးကို သေချာစောင့်ကြည့်ထားပေးပါအုံး ကိုသီဟ "

"ဟုတ်ကဲ့ပါဆရာ "

"ကိုသီဟ သွားလို့ရပါပြီဗျ... "

ကိုသီဟ ထွက်သွားတော့ ဂုဏ် ခုံမှအမြန်ထကာ ယူစရာရှိတာများကို ယူ၍ အိမ်သို့ပြန်ပြေးတော့သည်။အလုပ်လဲသူစိတ်မဝင်စားနိုင်တော့ပါ။

ပိုသေချာအောင် သူကိုယ်တိုင်စုံစမ်းရပါမှကျေနပ်နိုင်မည်။ ငါးနှစ်တာ ကာလလုံး အပြစ်ရှိသူလိုခံစားခဲ့ရလို့ မစုံစမ်းရဲပဲ ကြောက်ခဲ့မိတဲ့သူ့အပြစ်တွေ ။

ဂုဏ် ဟိုဘက်ခြံကို လှမ်းကြည့်ရတာလည်ပင်း ပင်ညောင်းနေပြီ။ မနေ့ပြန်ရောက်ထဲက Raim ကိုခုချိန်ထိ သူပြန်မတွေ့ရသေး။ မနက်က Raim ပေါက်လေးကို တွေ့ပြီထဲက ခုချိန်ထိလူရိပ်လူယောင်ပင် မတွေ့ရတော့ စိတ်များပင် အိုက်လာရသည်။

ဂုဏ် ခြံနောက်ဘက် တံခါးသေးသေးလေးကနေ Raim ပေါက်စ ခမ်းနားလေးများ ပေါ်လာမလား သူစောင့်နေမိသေးသည်။ စိတ်မရှည်တတ်သူကြောင့် အုတ်တံတိုင်းခုံပေါ်ထိ သူတက်ကခြေဖျားထောက်ကာတက်လိုက်မိသည်။

"ဒါကဘာလုပ်နေတာလဲ ခင်မျ...."

မဟာ သူတို့ခြံဘက် ခိုးကြောင်ခိုးဝှက် ကြည့်နေသော သူဖေဖေ အာ...မဟုတ်သေးဘူး လူကြီးအားကပ်၍မေးလိုက်ခြင်းဖြစ်သည်။

LOVE  IS INTENSIVE(Complete) Where stories live. Discover now