Episode (18)💥

7.7K 326 16
                                    

ထိပ်တန်း Hotel တစ်ခုတွင် ကျင်းပသော စေ့စပ်ပွဲကခမ်းနားလှသည်။ ဝန်ကြီးချုပ်ရဲ့ သမီးဖြစ်တာမို့ လာရောက်ကြတဲ့ဧည့်သည်တွေကလဲ ဂုဏ်သရေရှိအထက်တန်းစားတွေ ။

အလွှာပေါင်းဆုံကတစ်ကယ့်အထက်တန်းစားလူမျိုးတွေ သာဖိတ်ကြားထားပြီး စီးပွားရေး လောက ကလူတွေ မဖြစ်မနေတတ်ရောက်ကြရသည့် ပွဲ ​မျိုးပင် ဖြစ်နေသည်။

အပြိုင်ဆိုင်တွေကြား စီးပွားရေး အတွက်အမြတ်ထုတ်ရန်လာကြတဲ့သူတွေ ကိုယ်ကျိုးအတွက် မျက်နာလိုမျက်နာရ လာကြသူတွေက ပို၍များသည်။

ထိုထဲတွင်တော့ ဘယ်သူမှ ဂရုမစိုက်ဟန် မျက်နှာထားကို  လိုသည့်ထက် ခက်ထန်ထားကာ သက်ဆိုင်သူလက်ကိုသာ မလွှတ်တမ်းတွဲထားသည်။ ထိုလူသားလေးကတော့ ရွှေဝါရောင် ဆံပင်တွေနဲ့ လူကုံတန်တွေကြား ထင်းထွက်ကာ တောက်ပနေတော့သည်။

"ရိန်ရန်ရှင်းသန့်!!"

ဂုဏ် အံကိုကြိတ်ကာ ဖိခေါ်လိုက်သည်။လူတွေကြားမည်လဲဆိုရသေးသည်လေ ။

"ဗျ... ဘာဖြစ်လို့လဲ ကိုကို"

"ငါလက်ကို စောက်ရှက်မရှိအဲ့လိုကြီး မှီတွဲ ချိတ်ထား မှ ရမှာလား"

ရှေ့မှတစ်ဖြတ်ဖြတ်ရိုက်နေသော ကင်မရာ တွေကိုလဲ ဂုဏ် စိတ်မပါသည့် ကြားကပြုံးပြထားရသေးသည်။

လက်ကိုတင်းကြပ်နေအောင် တွဲခိုကာ သူအပိုင်ပါဆိုပြီး လုပ်နေသော ထိုသူကောင်ကို လဲ အံကြိတ်ကာ ရန်တွေ့ရသေးသည်။ ဂုဏ် အတွက်တော့ ဒီညနေဟာ တစ်ကယ့်ငရဲ..။

"ကိုကို ကလဲလူတွေရှိနေတာကို ဘယ်လိုဖြစ်နေတာလဲ "

Raim မှာလဲ Media တွေရှေ့ ဟန်ဆောင်ပြုံးပြနေပေမယ့် ကိုကို ကရန်တွေ့နေတာမို့ အော်ရယ်ချင်တဲ့စိတ်ကိုလဲထိန်းထားရသေးသည်။

"ပွဲက မင်းပြောတော့ စေ့စပ်ပွဲလေးပဲဆို "

"အွန်းလေ အခုလဲ စေ့စပ်ပွဲပဲလေ ယောကျာ်းရဲ့.."

"မင်းပါးစပ်ကို ပိတ်ထားစမ်း!! လိ့ ဒီလောက်ကြီးမယ်မှန်း မင်းသာပြောခဲ့ရင် ငါဒီလိုဝတ်စား လာပါ့မလား အခုက ငါတစ်ယောက်ပဲ ဒီလိုကြီး"

LOVE  IS INTENSIVE(Complete) जहाँ कहानियाँ रहती हैं। अभी खोजें