Episode (35)💥

8.9K 405 47
                                    

Raim စိတ်အလိုမကျစွာ ဂုဏ်ရင်ခွင်ထဲဝင်ကာ တစ်ဂျီဂျီလုပ်နေတော့သည်။

အကြောင်းမှာ Switzerland မှာကျန်ခဲ့တဲ့ အဖွားကျန်းမာရေး မကောင်း၍ သွားရမည်ဖြစ်သည်။

သူမသွားချင်ပါ ကိုကို ကိုခေါ်တော့လဲမလိုက်။ သားတို့ကလဲကျောင်းတစ်ဖက်နဲ့။ မိသားစုဝင်ဆိုလို့ အဖွားမှာ သူပဲရှိတော့တာမို့
မသွားလို့လဲမဖြစ်။ ကိုကိုနဲ့ရောသားတို့နဲ့ပါ တစ်နာရီလေးမျှသူမခွဲချင်။ Raim အခက်တွေ့နေရပါပြီ။

"ထတော့ ကလေးရဲ့ ကိုဇ လာကြိုရင်အဆင်သင့် မဖြစ်ပဲနေလိမ့်မယ်"

"Raim မသွားချင်ဘူးကိုကိုရာ "

"မသွားလို့မှမရတာကိုကွာ ထတော့ .."

"ကျစ်!ကိုကိုနဲ့သားတို့ကို Raimစိတ်မချဘူး"

"ဟောဗျာ... ကျုပ်က ကလေးလား အသက်တောင်လေးဆယ်ပြည့်တော့မယ်ဗျ...သားတို့ကလဲ ကိုယ်ရှိရင်ရပါတယ်"

"မသိဘူးဗျာ...လိုက်ခဲ့ပေး နော် လိုက်ခဲ့ပေးပါနော် သားတို့ကိုလဲခွင့်တိုင်ပြီးခေါ်သွားမယ်လေနော် "

"ကိုယ် နေသားမကျတဲ့နေရာတစ်ခုကို မသွားချင်လို့ပါ Raim ရာ ပြီးတော့ ကိုဒီမှာ အလုပ်တွေရှိသေးတယ် ၊ သားတို့ကိုလဲ ကျောင်းမပျက်စေချင်ဘူး Raim ရဲ့ "

"ဟာ..Companyကို ကျွန်တော် မရှိတုန်းမသွားရပါဘူး"

"အိမ်ကနေပဲ လုပ်မှာပါကွာ မင်းကလဲ!!"

"ဟင့် !!"

Raim သူနဲ့ဟိုနေပြီးထဲက အလုပ်ကနေအိမ်ကို တစ်နေ့သုံးခါထက်မနဲ ပြန်သည်။ အလုပ်ကိုစိတ်ဖြောင့်ဖြောင့်လုပ်ပါလို့ပြောလဲမရ။

သူအနားတွင်သာ ကြောင်ပေါက်လေးလို့ကပ်ချွဲနေပြီး လူဂျစ်လေးပင်ဖြစ်နေတော့သည်။

နေသူတို့ကပင် ကြည့်မရဟုဆိုကာ လက်မြှောက်ထားရတော့သည်။
Raim နာမည်ပင်ပြောက် အိုဗာတင်း ဟုပင် နေသူ ကခေါ်တော့သည်။သားတွေရှေ့က ရုပ်တည်လေးနဲ့ငြိမ်နေတတ်သော်လဲ ကွယ်တာနဲ့ကပ်တော့သည်။

"ထတော့ Raim ရ မင်းကြောင့်ကိုယ်ပါအကျင့်တွေပျက်ပြီး နေမြင့်ထိ အိပ်တတ်နေပြီ "

LOVE  IS INTENSIVE(Complete) Where stories live. Discover now