1

1.9K 190 3
                                    


ဝမ်မင်ယီ အိပ်ယာမှ လန့်နိုးလာပြီးထိတ်လန့်တကြား ထထိုင်လိုက်သည်။ သူ၏အတွေးထဲတွင် အိမ်မက်ထဲမှ မြင်ကွင်းများနှင့်ပြည့်နေလေသည်။

ထို မြင်ကွင်းထဲ၌ သူကမြေပြင်ပေါ်တွင် လဲကျနေပြီး သူ၏မျက်လုံးပေါ်သို့ စူးရှသော အလင်းရောက်တစ်ခုကျရောက်နေခဲ့သည်။ သူထထိုင်လိုက်ချင်သော်လည်း သူ၏ ခန္ဓာကိုယ် ကအင်အားမဲ့လွန်းနေသည်။

စူးရှသော အမျိုးသမီးတစ်ယောက်၏အော်သံနှင့်အတူ ကျန်းဇီမော့၏ စိတ်ပူနေသလိုမျိုး သူနာမည်အား ခေါ်သံကိုလည်းကြားလိုက်ရသည်။

သူ ပါးစပ်ကိုဖွင့်ဟ၍ကျန်းဇီမော့အား အရှက်မရှိ ဉာဏ်များတဲ့ ခွေးကောင်ဟု အော်ဆဲချင်နေခဲ့သည်။သို့သော်လည်း သူအသံတစ်စက်ပင် မထွက်နိုင်တာကိုသိလိုက်ရ၏။

သူ၏ ခန္ဓာကိုယ် ကို ထိန့်လန့်ဖွယ်ကောင်းလှသော အအေးဓာတ် တဖြေးဖြေး လွှမ်းခြုံလာသည်ကိုသာခံစားရတော့သည်။

...

ဝမ်မင်ယီ ထိန့်လန့်တကြား ထထိုင်လိုက်ပြီး မထိန်းချုပ်နိုင်လောက်အောင် တုန်ရီနေခဲ့သည်။

သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး တုန်လှုပ်မှုများ တည်ငြိမ်သွားအောင် စောင့်နေလိုက်သည်။ထို့နောက် သူစောင်ကို ဖယ်လိုက်ပြီး ရေတစ်ခွက်သောက်ရန် ထလိုက်သည်။ သို့သော်လည်း သူခြေထောက်ကြမ်းပြင်ကိုထိလိုက်သည့်နှင့် တွေဝေ ငေးမောစွာဖြင့် သူခြေထောက်အောက်ကကြမ်းပြင်ကိုကြည့်လိုက်သည်။

သူအံအားသင့်စွာဖြင့် အခန်းကိုဝေ့ဝဲကြည့်လိုက်ရာ ရှုပ်ပွနေသော ပရိဘောဂများ... နံရံတွင် ကပ်ထားသော ပိုစတာများ.. ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော မဂ္ဂဇင်းများနှင့် ဂစ်တာတစ်လက်ကို တွေ့လိုက်ရသည်။

ဒီအခန်းက စစ်ကျွင်းတောက် အိမ်တွင် ရှိသည့် သူ၏အိပ်ခန်းဖြစ်နေသည်။

သူအံအားသင့်ထိတ်လန့်စွာဖြင့် ရေချိုးခန်းထဲသို့လျှင်မြန်စွာပြေး၍ သူ၏မျက်နှာက်ိုကြည့်လိုက်ရာ ငယ်ရွယ်မှု အပြည့်ဖြင့် ချောမောနေသော သူကိုယ့်သူတွေးလိုက်ရသည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now