91

767 102 0
                                    

Chapter 91

ဧပြီလ 7 ရက်နေ့တွင် "A Day  Gone" ကို တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်။လူတိုင်းသည် နာမည်ကြီးတွေကြားမှာ  သူတို့မမှတ်မိသည့်နာမည်တစ်ခုဖြစ်သော ကျန်းဇီမော့ တွေ့သွားကြ၏။

(ကျန်းဇီမော့  က ဘယ်သူလဲ)

(ဒီဇာတ်ကားမှာ ဝမ်မင်ယီ  ပါမယ်လို့ ပြောတာမဟုတ်ဘူးလား...ဘာလို့ ဝမ်မင်ယီ  မပါတော့တာလဲ )

(ကျန်းဇီမော့က ဘယ်ကလာတာလဲ?ဒီနာမည်ကို မကြားဖူးဘူး၊လူသစ်လား)

(အခုမှ ပွဲဦးထွက်တဲ့ သရုပ်ဆောင်အသစ်လား
ဒီအရင်းအမြစ်က နည်းနည်းတော့ အားကောင်းတယ် ရို့)

(ဟားဟားဟား...အရင်က ဝမ်မင်ယီရဲ့ မိသားစုက ကိတ်မုန့်တွေ လျှက်နေခဲ့ကြတာမလား?တကယ်လည်း  တရားဝင် ကြေငြာချက်ထုတ်ရော ဝမ်မင်ယီ မပါဘူး)

(ဝမ်မင်ယီ က ဒီဇာတ်ကားအတွက် မသင့်တော်ပါဘူး။သူက အသက်ဝင်ပြီး ရွှင်မြူးတဲ့ ဇာတ်ရုပ်အတွက် ပိုသင့်တော်သလိုမျိူးပဲ၊ဒီဇာတ်ကားမှာ အဲဒီလို ဇာတ်ကောင် မရှိဘူး)

(ဝမ်ခိုင်ရွှေညီအစ်မတွေဘယ်လိုခံစားနေရမလဲမသိဘူး။အထူးသဖြင့်  ငိုချင်နေလောက်ပြီ)

("ဝမ်မင်ယီက ပိုကောင်းတဲ့ ဇာတ်ညွှန်း ရှိထားတာ ဖြစ်နိုင်တယ်။သူက ခုချိန် အရမ်းပေါက်နေတာလေ၊သူ့လက်ထဲမှာဇာတ်ညွှန်းတွေအများကြီးရှိကိုရှိနေမှာ)

(ဘာတွေစိတ်ကူးယဉ်နေတာလဲ...ခန်းကျယ်လိုပါတနာထက်  ပိုကောင်းတဲ့ အရင်းအမြစ် ရှိလို့လား။ ဝမ်ခိုင်ရွှေကျဲကျဲက ကိုယ့်ကိုကိုယ်တကယ်နှစ်သိမ့်တတ်တာပဲ)

(မော့လေးရေ အစ်မရေနွေးလေး...နေရောကောင်းရဲ့လား ... ကိတ်မုန့်ကို ဘယ်တုန်းက လျက်ဖူးတာလဲ...ဝမ်မင်ယီရဲ့ဖန်တွေက တရားဝင် ကြေငြာချက်မဟုတ်ရင် အတည်ပြုလို့မရဘူးလို့
အမြဲပြောကြခဲ့တယ်...အိုခေ..)

(ဝမ်မင်ယီကို ဘေးဖယ်ထားကြပါ...A Day Gone အောင်မြင်ပါစေ ၊ပြီးတော့ တစ်ယောက်ချင်းစီလည်း အဆင်ချောကြဖို့ ဆုတောင်းပေးပါတယ်)

ဖန်တွေက ထိုသို့ပြောကြပေမဲ့ စိတ်ထဲမှာတော့ ပဟေဠိ ဖြစ်နေကြပြီး Group ထဲတွင် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြ၏။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now