18

978 147 1
                                    


" ပြောစမ်းပါ ... မင်းမပြောရဲဘူးလား ... ငါပြောပြမယ် သန်ဘက်ခါ မင်းနဲ့ကျောက်ယန်တွေ့ရင် ငါလည်းလာမယ် ... ကျောက်ယန်က ငါ့ကိုကတိပေးထားတယ် ... ငါမင်းကိုလာတွေ့မယ် အဲ့တော့မှ ဘာပြောမလဲ ကြည့်ရသေးတာပေါ့..."

" ငါ ဘာအကြောင်းမှ မပြောပါဘူး ... ကျောက်ယန်နဲ့ စာချုပ်ကိစ္စဆွေးနွေးမလို့ ... မင်းလာချင်ရင် လာလို့ရတယ် ..."

" မင်းညီလေးကို ကျောက်ယန်တို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပေးမလို့လား ... ဘုရားရေ ... ကျောက်ယန်က မင်းကို ကတိပေးရဲတယ်ပေါ့ ...  မင်းကညီလေးကို ထိန်းချုပ်တာတွေကိုလည်း ကြောက်ပုံမရဘူး ... မကြာခင် သူရူးပြီး ကုမ္ပဏီကို ဖြိုချသွားမယ်ထင်တယ် ..."

" စိတ်မပူပါနဲ့ ... ငါမပျော်ဘူးဆိုရင် အရင်ဆုံးဖြိုချမှာ ကျောက်ယန်ရဲ့ကုမ္ပဏီမဟုတ်ဖူး မင်းကို ..."

မူကျိအန်း "..."

သူက ရိုးသားဖြူစင်တယ်လေ အိုကေနော် ... ဒါက သူနဲ့ဘာဆိုင်လို့လဲ ... သူက ကျောက်ရန်ရဲ့သူဌေးမဟုတ်ဖူးလေ ...
(  ကုမ္ပဏီနာမည်ရော သူဌေးနာမည်ရောက ကျောက်ယန်ပါ မကွဲမှာစိုးလို့ ..."

" သန်ဘက်ခါရောက်ရင် မင်းရဲ့ညီငယ်လေးက စာချုပ်မှာလက်မှတ်ထိုးဖို့ ထိုက်တန်လားဆိုတာ ကြည့်ရမယ် ...သူကသစ်သားလို အလှမျိုးဆိုရင်တော့ ကုမ္ပဏီက ပိုက်ဆံကုန်တာပဲအဖက်တင်မယ် ... လက်မှတ်မထိုးတာ အကောင်းဆုံးပဲ ..."

" သူက မင်းလိုသစ်သားပုပ်ကြီးထက်ပိုပြီး ပိုက်ဆံတွေကုန်ပါဦးမလား ... မင်းဘာသာမင်းစိုးရိမ်စမ်းပါ ... သန်ဘက်ခါ မင်မင်မပါဘူး ငါတစ်ယောက်တည်းလာမှာ ..."
စစ်ကျွင်းတောက် တည်ငြိမ်စွာပြောလိုက်သည်။

" မင်းကမှ သစ်သားပုပ်လေ ... သူကဘာလို့မလာရတာလဲ ..."

" သူလာဖို့မှ မလိုတာ ... ငါနဲ့ကျောက်ယန်ပဲ စကားပြောမယ်လေ ... စာချုပ်လက်မှတ်ထိုးမှ သူလာပေါ့ ..."

မူကျိအန်း ဆွံ့အသွားသည်။
" လက်မှတ်လည်း ထိုးမနေပါနဲ့တော့ ... မင်းပဲ သူ့အေးဂျင့်လုပ်ပြီး လက်မှတ်ထိုးလိုက် ... ဒါမှမဟုတ် စတူဒီယိုပါ အသစ်ထပ်ဆောက်ပေးလိုက် ..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now