92

765 104 1
                                    

Chapter 92

"ဘာတွေ ဖြစ်နေတာလဲ...ကျန်းဇီမော့က ဘယ်သူလဲ...ချင်ခယ့်နေရာမှာ ဝမ်မင်ယီ  သရုပ်ဆောင်မယ်လို ဆုံးဖြတ်ထားတာမဟုတ်ဘူးလား... သူ့ကို ဘာလို့ အစားထိုးလိုက်တာလဲ...ဘာလို့ ကျွန်တော်က မသိရတာလဲ!" ခန်းကျယ်က   မေးလိုက်လေသည်။

ဒါရိုက်တာလည်း အလွန်ပင်အကူအညီမဲ့ နေခဲ့သည်။

"ရင်းနှီးမြုပ်နှံသူက ကျန်းဇီမော့ကို ဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ခိုင်းခဲ့တာ... ပရိုဂျူဆာကလည်း သဘောတူတယ်...ငါက ဝမ်မင်ယီကို မင်းထောက်ခံပေးခဲ့တာ... ပြီးတော့သူရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်းကောင်းတယ်လို့ ပြောခဲ့ပေမဲ့  ပရိုဂျူဆာကဘူးခါငြင်းနေတာ...မနေ့ညအထိ ငါတို့တစ်ယောက်နဲ့တစ်ယောက်  ငြင်းခုံနေကြတာ... နောက်ဆုံးတော့ ငါလည်း  လက်လျှော့ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး...  မင်းက သူ့ကို ထောက်ခံပေးခဲ့တာလေ... အခုပြောင်းသွားပြီဆိုတော့  ပရိုဂျူဆာက မင်းစိတ်ဆိုးမှာ ကြောက်လို့ ငါကို မင်းကိုမပြောခိုင်းဘူး ...ငါ  တောင်းပန်ပါတယ် ခန်းကျယ်..."

ခန်းကျဲ ကသရော်လိုက်၏။
"ကျွန်တော်  စိတ်ဆိုးမှာကြောက်လို့...ကျွန်တော်စိတ်ဆိုးမှာကြောက်ရင် ခါတိုင်းလိုမျိူးပဲ လူ အစားထိုးမနေဘူး...ကျွန်တော်ကတော့ ခင်ဗျားကျွန်တော့်ကို  ဂရုစိုက်တယ်လို့ မထင်ဘူး"

"ခန်းကျယ်... ရိုက်ကူးရေးအကြောင်း မင်းသိပါတယ်.. ရင်းနှီးမြှုပ်နှံသူက လူထည့်တယ်ဆိုတာ ပုံမှန်ကိစ္စပါ...နောက်ပြီး ချင်ခယ့်ရဲ့ဇာတ်ရုပ်က အခန်းသိပ်မများတော့ ရင်းနှီးမြှုပ်နှံသူ ကြိုက်တာ ပုံမှန်ပါပဲ...ဒီရလဒ်နဲ့ပတ်သက်ပြီး မင်း မကျေနပ်တာငါသိပါတယ်.. ဒါပေမဲ့ အခုပြီးတဲ့ဟာက ပြီးသွားပြီလေ...ဝမ်မင်ယီအတွက်နဲ့တော့ မင်းက ရိုက်ကူးရေးအဖွဲ့နဲ့ ပြဿနာဖြစ်ဖို့မလိုဘူးမှန်တယ်မလား"

"ကျွန်တော်က ဒါကို ဂရုစိုက်နေလို့လား..."

ခန်းကျယ် ဒါကြီးက ရယ်စရာကောင်းသည်ဟု တွေးမိသည်။

"ဒါရိုက်တာလီ  ကျွန်တော် ဒီဇာတ်ကားကို အဲဒီတုန်းကယူလာခဲ့တာ...  ကျွန်တော်တွေ့လိုက်တဲ့  ဇာတ်ညွှန်းကပေါက်မဲ့အလားအလာရှိလို့...  အခုပရိုဂျူဆာက ဝမ်မင်ယီနေရာမှာ လူပြောင်းလိုက်တယ်...ထည့်လိုက်တဲ့လူသစ်ကလည်း တစ်ခါမှသရုပ်မဆောင်ဖူးဘဲ ကြံရာကျပန်းထည့်လိုက်တာ...အကယ်၍    ဒီလူသစ်က သရုပ်ဆောင် အရည်အချင်း ကောင်းကောင်းရှိရင် ကျွန်တော့်မှာ ပြောစရာ မရှိပါဘူး... တကယ်လို့ ဒီလူသစ် က သရုပ်ဆောင်မကောင်းဘူး ဆိုရင်တော့ ရိုက်ကွင်းထဲမှာ သူ့ကို မျက်နှာသာမပေးလို့ဆိုပြီး ကျွန်တော့် ကို လာအပြစ်မတင်နဲ့..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now